ကြက်မွေးမြူရေး လုပ်ငန်းအများစု ဆက်လက်ရပ်တည်နိုင်ဖို့ ခက်ခဲတဲ့ အခြေအနေမှာ ရှိနေ

0
529

ကြက်မွေးမြူရေးလုပ်ငန်းအများစုဟာ ဆက်လက်ရှင်သန်၊ ရပ်တည်နိုင်ဖို့ ခက်ခဲတဲ့ အခြေအနေမှာ ရှိနေတယ်ပါတယ်။ ဒီသတင်း အပြည့်စုံကို MCN သတင်းထောက် အောင်ဆန်းဦးက ပေးပို့ထားပါတယ်။

အစာကုန်ကြမ်းဈေးမြင့်တက်ပြီး အသားဈေးနိမ့်ကျ အရှုံးပေါ်နေတဲ့ အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းက ကြက်မွေးမြူရေးခြံတွေ ရက်နားရမယ့် အခြေအနေ ဖြစ်ပေါ်နေတာဖြစ်ပါတယ်။
မြန်မာနိုင်ငံ အနှံ့မှာ ကြက်မွေးမြူရေးလုပ်ငန်းတွေ လုပ်ကိုင်နေကြပြီး မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအရ ကြက်ကောင်ရေ ၂၉၆၇ ဒသမ ၀၈ သိန်း ရှိတဲ့အနက် ရန်ကုန်တိုင်း ဒေသကြီးဖြစ်ကတော့ ကြက်ကောင်ရေ ၄၆၂ သိန်းကျော်နဲ့ အများဆုံး မွေးမြူထားနေတာဖြစ်ပါတယ်။

မွေးမြူရေးလုပ်ငန်းတွေ ရှင်သန်ဖို့ ခက်ခဲ့တဲ့ အခြေနေကို ထိန်းသိမ်းနိုင်ဖို့အတွက် နိုင်ငံတော် အစိုးရအနေနဲ့ ပြည်ပနိုင်ငံတွေက အသား ၀င်ရောက်မှုကို ထိန်းချုပ်ဖို့လိုအပ်နေတာပါ။ ထိန်းချုပ်မှုမပြုလုပ်နိုင်ပါက ကြက်မွေး မြူရေးလုပ်ငန်းရှင်တွေ အနေနဲ့ လုပ်ငန်းရပ်ဆိုင်းပြီး ပြည်ပကနေ အစားထိုး အသားတင်သွင်းသူတွေအဖြစ် ပြောင်းလဲ လုပ်ကိုင်သွားနိုင်တယ်လို့ ပြောပါတယ်။

အခုလို ကြက်မွေးမြူရေးငန်းတွေ ရှင်သန်ဖို့ ခက်ခဲနေချိန်မှာ အိမ်နီးချင်း တရုတ်နဲ့ ထိုင်းနိုင်ငံတို့က ကြက်သား တွေဟာ တရားမ၀င်လမ်းကြောင်းတွေကနေ အများအပြားဝင်ရောက်မှုတွေလည်း ရှိနေတာပါ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)