ပြည်သူ့ဟစ်တိုင်ကို အစိုးရရုံးအနီးထားသင့်တယ်လို့ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဆို

0
309

တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအနီး ပြည်သူ့ဟစ်တိုင်ထားရှိဖို့လိုတယ်လို့ လွှတ်တော်ကိုယ်စားလှယ်ဟောင်း တစ်ဦးဖြစ်သူ ဒေါက်တာညိုညိုသင်းကပြောဆိုလိုက်ပါတယ်။

ဒီသတင်း အပြည့်အစုံကိုတော့ MCN သတင်းထောက်ကေသွယ်က ပေးပို့ထားတာဖြစ်ပါတယ်။

လုပ်သမား၊ လယ်သမားတွေ၊ ကျောင်းသားထုတွေရဲ့ နစ်နာဆုံးရှုံးမှုတွေကို အမြန်ဆုံးဖြေရှင်းဆောင်ရွက် ပေးနိုင်ဖို့ အများပြည်သူဆန္ဒဖော်ထုတ်တဲ့ပြည်သူ့ဟစ်တိုင်နေရာကို အစိုးရအဖွဲ့ရုံးအနီးမှာရှိသင့်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးကိုယ်စားလှယ်ဟောင်းဒေါက်တာညိုညိုသင်းက MCN သတင်းဌာနနဲ့သီးခြားတွေ့ဆုံစဉ် ပြောဆိုလိုက်တာဖြစ်ပါတယ်။

လက်ရှိမှာတရားဝင်ဆန္ဒဖော်ထုတ်ခွင့်ပေးထားတဲ့နေရာတွေအဖြစ် ကျိုက္ကဆံ ဟစ်တိုင်နဲ့ ဗိုလ်စိန်မှန်ကွင်း တွေကိုသာသတ်မှတ်ပေးထားတာဖြစ်ပြီး အခြားနေရာတွေမှာ ဆန္ဒထုတ်ဖော်ခဲ့ရင် အရင်အစိုးရလက်ထက်က ညွှန်ကြားထားတဲ့ ငြိမ်းစုစီဥပဒေပါညွှန်ကြားချက်တွေအရ အရေးယူခံရနိုင်ပါတယ်။

လက်ရှိမှာ လွတ်လပ်စွာဆန္ဒထုတ်ဖော်ခွင့်ကို ကန့်သတ်ချုပ်ချယ်ထားတဲ့ ငြိမ်းစုစီ ဥပဒေကိုပြင်ဆင်နိုင်ဖို့ ပြည်သူ့လွှတ်တော်ဒေသက ဆုံးဖြတ်ချက်တွေချမှတ်နေပြီဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)