သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေကြမ်းအရ ထောက်ပံ့မှု ပျက်ကွက်သူကို ဒဏ်ငွေချမှတ်နိုင်

0
334

သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေကြမ်းအရ အရွယ်ရောက်တဲ့ မိသားစုဝင် သားသမီးမြေးတွေဟာ မိဘဘိုးဘွားတွေကို ထောက်ပံ့နိုင်စွမ်းရှိပါက လစဉ် ငွေကျပ် ငါးသောင်း ဒါမှမဟုတ် တစ်လုံးတည်း စရိတ် ထောက်ပံ့ပေးရမှာဖြစ်တယ်လို့ ဖော်ပြထားတာဖြစ်ပါတယ်။

ထောက်ပံ့မှု မရရှိတဲ့ ဘိုးဘွားတွေအနေနဲ့ သက်ဆိုင်ရာ တရားရုံးမှာ ဦးတိုက်လျှောက်ထားနိုင်သလို ကိုယ်စားအနေနဲ့ ရပ်မိရပ်ဖ၊ ဘိုးဘွားရိပ်သာ တာဝန်ခံ ပုဂ္ဂိုလ်တွေက လျှောက်ထားနိုင်တာဖြစ်ပါတယ်။ ဒီလို ထောက်ပံ့မှုပေးဖို့ ပျက်ကွက်ပါက ရာဇ၀တ်ကျင့်ထုံး ဥပဒေ နဲ့အညီ ဒဏ်ငွေမဆောင် ပျက်ကွက်သလို မှတ်ယူကာ ငွေဒဏ် ကောက်ခံခြင်းကို စီရင်နိုင်တယ်လို့ ဖော်ပြထား တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)