ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကို တရားဝင် နိုင်ငံကူးလက်မှတ်ထုတ်ပေးမယ်

0
322

ထိုင်းနိုင်ငံအတွင်းက ယာယီသက်သေခံလက်မှတ်ကိုင်ဆောင်ထားတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို တရားဝင်နိုင်ငံကူးလက်မှတ်ထုတ်ပေးဖို့ ရှိနေပါတယ်။
သတင်းထောက် အောင်ကျော်မိုးက တင်ဆက်ပေးထားပါတယ်။

ဇွန်လ ၂၃ကနေ ၂၆ ရက်အတွင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းနိုင်ငံခရီးစဉ်အပြီး နှစ်နိုင်ငံ သဘောတူညီချက်အရ အခုလိုရွှေ့ပြောင်းအလုပ်သမားတွေကို နိုင်ငံကူး လက်မှတ်ရရှိအောင် ပြုလုပ်ပေးဖို့ရှိတယ်လို့ မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့တာပါ။

အရင်က မြန်မာနိုင်ငံ ပြည်ပအလုပ်အကိုင်ရှာဖွေရေး ၀န်ဆောင်မူ လုပ်ငန်းရှင်များအဖွဲချုပ် အနေနဲ့ ထိုင်းနိုင်ငံက ယာယီသက်သေခံလက်မှတ် (TR 38 ) ကိုင်ဆောင်ထားသူတွေကို သက်သေခံ လက်မှတ်တွေ ရရှိအောင် ဆောင်ရွက်ပေးဖို့ ကြိုးစားတဲ့အခါ အခက်အခဲတွေရှိခဲ့ပါတယ်။

မြန်မာအလုပ်သမားတွေဟာ ထိုင်းနိုင်ငံကို တရားဝင်သွားရောက်မူတွေထက် နယ်စပ်တွေကနေ တရားမ၀င် ဖြတ်ကျော်ဝင်ရောက်မှုက ပိုများပါတယ်။ ထိုင်းနိုင်ငံမှာ တရားဝင်အလုပ်သမားအဖြစ် လုပ်ကိုင်ပါက တစ်နေ့လုပ်ခ ထိုင်းဘတ်ငွေ ၃၀၀ နဲ့ အထက် ရရှိနိုင်ပေမယ် တရားမ၀င်အလုပ်သမားတွေ အတွက်ကတော့ အဲ့ဒီအခွင့်အရေးတွေဆုံးရူံးရမှာဖြစ်တဲ့အပြင် ဖိနှိပ်အနိုင်ကျင့်မှုတွေလည်း ခံစားရမှာဖြစ်ပါတယ်။

ထိုင်း – မြန်မာ နှစ်နိုင်ငံအကြား တရားမ၀င်သွားရောက်နေတဲ့ လမ်းကြောင်းတွေကို မပိတ်ဆို့နိုင်သရွေ့ အလုပ်သမားဆိုင်ရာပြဿနာတွေနဲ့ လူကုန်ကူးမူတွေက ဆက်ရှိနေမှာဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ ရောက်ရှိ နေကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားအရေအတွက် ဟာ ၂၀၁၅ ခုနှစ် သန်းခေါင်စာရင်းမှာ ၂သန်းခွဲလို့ ဖော်ပြခဲ့ပေမယ် မြန်မာရွှေ့ပြောင်းလုပ်သားအခွင့်အရေးဆောင်ရွက်တဲ့ လူမှုအဖွဲ့အစည်းတွေကတော့ ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမားဦးရေ ၅ သန်းခန့်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)