ရွှေ့ပြောင်းမြန်မာလုပ်သားများ အရေးနဲ့ပတ်သက်တဲ့ ထိုင်း-မြန်မာ သဘောတူညီချက် နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်

0
335

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် တရားဝင်ချစ်ကြည်ရေး ခရီးအဖြစ်သွားရောက်ခဲ့တဲ့ ထိုင်းနိုင်ငံခရီးစဉ်အတွင်း ရွှေ့ပြောင်းမြန်မာလုပ်သားတွေ အရေးနဲ့ ပတ်သက်တဲ့ သဘောတူညီချက် အပြည်အစုံကို နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီကနေ့ ဇွန်လ (၂၉)ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

ဒီထုတ်ပြန်ချက်ထဲမှာ ထိုင်းနိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်နေ ကြတဲ့ ရွှေ့ပြောင်းမြန်မာလုပ်သားတွေအရေး နှစ်နိုင်ငံ ဆောင်ရွက်သွားမယ့် ကိစ္စရပ်တွေ အများအပြား ပါဝင်နေ တာပါ။

ဒါ့အပြင် နှစ်နိုင်ငံ နယ်နိမိတ် ပြန်လည်တိုင်းတာရေးကိစ္စအပါအ၀င် နယ်စပ်ဖြတ်ကျော်ရေးဆိုင်ရာ သဘောတူစာချုပ်တွေကိုလည်း လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။

အလုပ်သမားအရေးနဲ့ပတ်သက်ပြီး ဗီဇာ သက်တမ်းကိစ္စ၊ အလုပ်သမား ခန့်ထားရေးဆိုင်ရာ သဘောတူစာချုပ်အရ မြန်မာလုပ်သားတွေကို ဥပဒေအရ အကျိုးခံစားခွင့်တွေနဲ့ အကာအကွယ်တွေ ရရှိရေး၊ ရွှေ့ပြောင်းလုပ်သားတွေရဲ့ သားသမီး မွေးစာရင်း ထုတ်ပေးရေးအပါအ၀င် ထိုင်းနိုင်ငံ နယ်စပ်ရှိ ဒုက္ခသည်များအရေးစတာတွေကိုလည်း အချင်းချင်းပူးပေါင်း ဆောင်ရွက်သွားဖို့ သဘောတူညီခဲ့တယ်လို့ ထုတ်ပြန်ထားတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)