လူငယ်တွေအတွက် ကောင်းတဲ့ အမွေအနှစ်တွေ ချန်ထားမပေးနိုင်ရင် လူကြီးတွေရဲ့ ချို့ယွင်းချက်ပဲ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်း စုကြည်ပြောကြား

0
358

လူငယ်တွေအတွက် ကောင်းတဲ့အမွေအနှစ်တွေ ချန်ထားမပေးနိုင်ရင် လူကြီးတွေရဲ့ ချွတ်ယွင်းချက်ပဲဖြစ်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

ဒီအကြောင်းအပြည့်အစုံကိုတော့ MCN သတင်းထောက် နေမင်းခက တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မျိုးဆက်သစ်တွေအတွက် ကောင်းမွန်တဲ့ အမွေအနှစ်တွေဆိုတာဟာ ငြိမ်းချမ်းရေးဖြစ်ပြီး အဲဒီအမွေအနှစ်တွေကို လူငယ်တွေအတွက် ချန်ထားမပေးနိုင်ဘူးဆိုရင် လူကြီးတွေရဲ့ ချို့ယွင်းချက်ဖြစ်သလို ဆက်လက်မထိန်းထားနိုင်ရင် လူငယ်တွေရဲ့ ချွတ်ယွင်းချက်ပဲဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။
ဇွန်လ ၂၈ ရက်နေ့က နေပြည်တော်ရှိ Horizon Lake View Hotel မှာ ကျင်းပပြုလုပ်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေး အဖွင့်မိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောကြားလိုက်တာပါ။

ဒါ့အပြင် လူငယ်တွေကို ငြိမ်းချမ်းရေးအမွေတွေ ပေးတာနဲ့အတူ တာဝန်တွေပါ ပေးအပ်သွားရမှာဖြစ်ပြီး လူငယ်တွေအနေနဲ့ လက်ခံရဲတဲ့ သတ္တိအပြင် အရည်အချင်းရှိဖို့ လိုအပ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

ဒီဆွေးနွေးပွဲကို တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့စည်းများ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့
PPST ဘက်က ဥက္ကဋ္ဌ စောမူတူးစေးဖိုး၊ ညှိနှိုင်းရေးမှူး(၁) ခွန်ဥက္ကာ အပါအဝင် အပစ်ရပ်စာချုပ်ရေးထိုးထားတဲ့
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့က ခေါင်းဆောင်တွေတက်ရောက် ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)