မြန်မာ့အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးဖို့ အမေရိကန်အစိုးရ ကူညီမယ်

0
371

မြန်မာနိုင်ငံက အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့ အမေရိကန်အစိုးရအနေနဲ့ အကူအညီတွေ ဆက်လက်ပေးအပ်သွားမယ်လို့ အမေရိကန်ပြည်ထောင်စုရဲ့ သံအမတ်ကြီးအသစ်ဖြစ်လာတဲ့ မစ္စတာ စကော့ အလန်မာရှယ်က ပြောကြားလိုက်ပါတယ်။
Myanmar-MEDA-project-1

ဧပြီလ ၂၈ ရက်နေ့ က သတင်းမီဒီယာတွေနဲ့ တွေ့ဆုံစဉ် အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးက ပြောကြား လိုက်တာပါ။ ဒါ့အပြင် အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး၊ သာယာဝပြောရေးနဲ့ ဒီမိုကရေစီအရေးတို့အတွက် မြန်မာအစိုးရသစ်နဲ့ အတူလက်တွဲဆောင်ရွက်သွားမယ်လို့လည်း ကတိပြု ပြောကြားခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)