မြိတ်ကျွန်းစု ရေပြင်အတွင်း တရားမ၀င်မှတ်ပုံတင်မဲ့ ရေယာဉ်များ အရေးယူတော့မည်

0
386

တနင်္သာရီတိုင်းဒေသကြီး မြိတ်ကျွန်းစုရေပြင်အတွင်းမှာ တရားမ၀င် မှတ်ပုံတင်မဲ့ ရေယာဉ်တွေကို ဖမ်းဆီး အရေးယူဖို့ စတင်ဆောင်ရွက်နေကြပြီဖြစ်ပါတယ်။

အရင်က မရှိခဲ့ဖူးတဲ့ မြိတ်ကျွန်းစုပင်လယ်ပြင်အတွင်း အန္တရာယ်ကင်းရှင်းစေရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရေကြောင်းရဲတပ်ဖွဲ့ ရေကြောင်းရဲတပ်ဖွဲ့စုကို စတင် တာဝန်ချထားပေးလိုက်ပြီဖြစ်ပါတယ်။ ဇွန်လ ၂၄ ရက်နေ့က မြိတ်မြို့မှာ ပြုလုပ်တဲ့ တရားမ၀င် လိုင်စင်မဲ့ ရေယာဉ်များ၊ ကုန်တင်ရေယာဉ်နှင့် ငါးဖမ်းရေယာဉ်များအား လျော့နည်းပပျောက်ရေးနှင့် ရေကြောင်းသွားလာမှု ဘေးအန္တရာယ်ကင်းရှင်းရေး အသိပညာပေး ဟောပြောပွဲမှာ အဲဒီလို ပြောကြားခဲ့တာပါ။

အဲ့ဒီတပ်ဖွဲ့ဟာ မေလ ၃ ရက်နေ့ကတည်းက မြိတ်မှာရောက်ရှိနေပြီဖြစ်ပြီး ဇွန်လထဲမှာ တာဝန်တွေကို စတင်ထမ်းဆောင်နေပြီဖြစ်ပါ တယ်။ ဒါကြောင့် တနင်္လာရီတိုင်း မြိတ်ကျွန်းစုပင်လယ်ပြင်အတွင်း ရေကြောင်းခရီးသွားလာစဉ် အန္တရာယ်တစ်စုံတစ်ရာ ကျရောက်ပါက ရေကြောင်းရဲတပ်ဖွဲ့စု(မြိတ်)သို့ ဆက်သွယ်အကူအညီ တောင်းနိုင်ပြီ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)