နိုင်ငံခြားကုမ္ပဏီတွေကို နိုင်ငံခြား ဘဏ်တွေကနေ ချေးငွေထုတ်ချေးခွင့် ဗဟိုဘဏ် ခွင့်ပြု

0
368

မြန်မာနိုင်ငံမှာ ရင်နှီးမြှုပ်နှံနေတဲ့ နိုင်ငံတကာကုမ္ပဏီတွေကို နိုင်ငံခြားဘဏ်တွေကနေ ချေးငွေထုတ်ချေးခွင့် မြန်မာနိုင်ငံ ဗဟိုဘဏ်က ပထမဆုံးအကြိမ်အဖြစ် ခွင့်ပြုလိုက်ပါတယ်။

ဒီသတင်းကို အောင်ကျော်မိုးတင်ဆက်ထားပါတယ်။

ပြည်ပကနေ လာရောက်ရင်းနှီးမြှုပ်နှံထားတဲ့ ဆက်သွယ်ရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ OCK ကို မြန်မာနိုင်ငံမှာ တာဝါတိုင်တွေတည်ဆောက်ဖို့အတွက် နိုင်ငံခြားဘဏ်တွေ ဖြစ်တဲ့ ဘဏ်လေးခုက အမေရိကန်ဒေါ်လာ ၄၀.၂ မီလီယံကို ဇွန်လ ၂၈ ရက်နေ့ က စတင်ထုတ်ချေးခွင့်ပြုလိုက်တာပါ။ OCK ဆက်သွယ်ရေးကုမ္ပဏီ အနေနဲ့ မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှာ တာဝါတိုင် ၉၀၀၀ ကျော်ကိုတည်ဆောက်သွားမှာဖြစ်ပြီး တယ်လီနောကုမ္ပဏီကို ငှားရမ်းသွားမှာဖြစ်ပါတယ်။

ပြည်ပရင်းနှီးမြှုပ်နှံမူ ဘဏ် ၁၃ ခုကို ၂၀၁၄ ခုနှစ်ကတည်းက မြန်မာနိုင်ငံမှာလုပ်ကိုင်ခွင့်ပေးခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာ ဘဏ် ၉ ဘဏ်သာ ဖွင့်လှစ်ထားတာပါ။ အဲ့ဒီ နိုင်ငံခြားဘဏ်တွေဟာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမူ ဥပဒေအရ ပြည်တွင်း အသေးစား၊ အလတ်စား လုပ်ငန်းတွေကို ငွေထုတ်ချေးခွင့်မရှိပါဘူး။

အခုဆိုရင် နိုင်ငံခြားဘဏ်တွေအနေနဲ့ ပြည်တွင်းလုပ်ငန်းတွေကို ချေးငွေပေးခွင့်မရသေးပေမယ့် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံနေတဲ့ နိုင်ငံတကာလုပ်ငန်းတွေကို ချေုးငွေပေးခွင့်ရလာခဲ့ပြီး OCK ဆက်သွယ်ရေးကုမ္ပဏီကို ဘန်ကောက်ဘဏ်၊ uob ဘဏ် ၊ မေဘဏ်၊ OCBC ဘဏ်တွေကနေ ချေးငွေစတင် ထုတ်ချေးခွင့် ရခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)