ပြောင်းရွှေ့နေထိုင်သူတွေနဲ့ ယာယီနေထိုင်ကြသူတွေကို စာရင်းကောက်ယူ

0
476

မြန်မာနိုင်ငံအတွင်း ပြောင်းရွှေ့နေထိုင်သူတွေနဲ့ ယာယီနေထိုင်ကြသူတွေကို စာရင်းကောက်ယူနေ ပါတယ်။

ဒီအကြောင်းအပြည့်အစုံကိုတော့ MCN သတင်းထောက် အောင်ကျော်မိုး က တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

ရှမ်းပြည်နယ် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနကနေ တောင်ကြီးမြို့ အောင်သပြေအထက်တန်းကျောင်းက ကျောင်းသားကျောင်သူတွေကို (၁၀)နှစ်ပြည့် နိုင်ငံသား စိစစ်ရေးကတ်ပြားတွေကို ဇွန်လ ၂၈ ရက်နေ့ က ထုတ်ပေးခဲ့ပါတယ်။ ဒီအစီအစဉ်ဟာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရဲ့ ရက် ၁၀၀ စီမံချက်ထဲမှာ ပါဝင်နေသလို အဲဒီစီမံချက်ထဲမှာ ပြောင်းရွှေ့နေထိုင်သူတွေနဲ့ ယာယီနေထိုင်ကြသူတွေ စာရင်းကောက်ယူတဲ့ အစီအစဉ်လည်း ပါဝင်နေတာပါ။

ဒီလို စာရင်းကောက်ယူထားပြီးပါက ရွှေ့ပြောင်းနေထိုင်ကြသူတွေ၊ ယာယီနေထိုင်ကြသူတွေကို စိစစ်ပြီး အိမ်ထောင်စုစာရင်းထုတ်ပေးခြင်းနဲ့ ကိုင်ဆောင်သင့်တဲ့ ကတ်တစ်မျိုးမျိုး ထုတ်ပေးတာတွေကို ဆောင်ရွက်ပေသွားမှာပါ။ လက်ရှိမှာ ရက် ၁၀၀စီမံချက်ရဲ့ ပထမဦးဆုံးအစီအစဉ်အနေနဲ့ အခြေခံပညာကျောင်းက ကျောင်းသားကျောင်းသူတွေကို ၁၀ နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ် ထုတ်ခဲ့တာဖြစ်ပါတယ်။

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ မကျင်းပမီကာလမှာ အသက်(၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားတွေကိုသာ မိုးပွင့်စီမံချက်နဲ့ ထုတ်ပေးခဲ့တာပါ။ လက်ရှိအချိန်မှာတော့ အခြေခံပညာကျောင်းတွေမှာ (၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြားတွေကို ဆက်လက်ထုတ်ပေးသွားမှာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)