ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများအတွက် အိုအိုင်စီက ဆန်များထောက်ပံ့

0
360

မြန်မာနိုင်ငံထဲက ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည်စခန်းမှာ နေထိုင်တဲ့ ဘင်္ဂါလီတွေကို အိုအိုင်စီက ဆန်တွေ ထောက်ပံ့မှုပြုလုပ်ခဲ့ပါတယ်။

တစ်အိမ်ထောင်ကို ၅၀ ကီလိုဂရမ်ရှိတဲ့ ဆန်အိတ်တွေ ထောက်ပံ့ခဲ့တာဖြစ်ပြီး ဆန်အိတ်ပေါင်း ၅၅၀ ကျော် ဖြန့်ဝေခဲ့တာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်၊ စစ်တွေမှာနေထိုင်တဲ့ မိသားစု ၁၁၀၀ ကျော်ကို ကူညီထောက်ပံ့ပေးနိုင်ခဲ့ပါတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အိုအိုင်စီ အထူးသံတမန် ဟာမစ်အယ်လ်ဘာက ပြောဆိုခဲ့ပါတယ်။

အိုအိုင်စီအနေနဲ့ ဒုက္ခသည်တွေကို လူသားချင်းဆိုင်ရာကူညီထောက်ပံ့မှုပေးဖို့ မြန်မာနိုင်ငံထဲမှာ ရုံးဖွင့်နိုင်အောင် ကြိုးစားသွားမှာဖြစ်ပြီး ဒုက္ခသည်စခန်းက လူတွေ အခြေခံအကျိုးစားခံစားခွင့်ရရှိအောင် ကူညီသွားဖို့ ဆုံးဖြတ်ထားတယ်လို့
ဟာမစ်အယ်လ်ဘာက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)