မလေးရှားနိုင်ငံက ဘားတစ်ခုမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး လူ ၈ ဦး ထိခိုက်ဒဏ်ရာရ

0
293

မလေးရှားနိုင်ငံ Puchong မြို့မှာ ရှိတဲ့ IOI Boulevard အဆောက်အဦး က ဘားတစ်ခု မှာ ဇွန်လ ၂၈ ရက်နေ့က ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး တရုတ်နိုင်ငံသားတစ်ဦးအပါအ၀င် လူ ၈ ဦးဒဏ်ရာ ရရှိခဲ့ပါတယ်။

Puchong မြို့က အဲဒီဘားမှာ ယူရိုဘောလုံးပြိုင်ပွဲကို ကြည့်ရှုနေစဉ် ဖြစ်ပွားခဲ့တာဖြစ်ပြီး အဲဒီမြို့က ကွာလာလမ်ပူမြို့စွန်မှာ တည်ရှိတာပါ။
ရှာဖွေတွေ့ရှိချက်အရ ဘားထဲမှာရှိတဲ့ ပေါက်ကွဲမှုပြုလုပ်တဲ့သူက လက်ပစ်ဗုံးကို အသုံးပြုခဲ့တာဖြစ်ပါတယ်။
Selangor ပြည်နယ် ဒုတိယရဲအရာရှိတစ်ဦးကတော့ အဲဒီ ပေါက်ကွဲမှု ရဲ့နောက်ကွယ် က အကြောင်းအရာတွေကို သိရဖို့ လုပ်ဆောင်နေသလို သံသရရှိသူကိုလည်း စုံစမ်းစစ်ဆေးနေဆဲဖြစ်တယ်လို့ ပြောပါတယ်။
မလေးရှားနိုင်ငံ ကွာလာလမ်ဘူမြို့မှာ အလားတူ တိုက်ခိုက်မှုမျိုး ၂၀၁၄ ခုနှစ်က ဖြစ်ပွားခဲ့ပြီး လူ ၁ ဦးသေဆုံးကာ ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)