မြိတ်လေဆိပ်ရှေ့မှာ မူးယစ်ဆေးဝါးရောင်းနေသူတစ်ဦးကို ဖမ်းမိ

0
346

မြိတ်မြို့၊ မြိတ်တောင်ကျေးရွာ၊ အောင်ချမ်းသာရပ်၊ မြိတ်လေဆိပ်ရှေ့မှာ မူးယစ်ဆေးဝါးရောင်းဝယ်နေသူတစ်ဦးကို ဇွန်လ ၂၇ ရက်နေ့ ဖမ်းဆီးရမိခဲ့ပါတယ်။

13502066_260085544349262_3871284687462530137_n

13521875_260085567682593_5560300505006338388_n

မူးယစ်ဆေးဝါးရောင်းချတယ်လို့သတင်းရတဲ့ အဲဒီနေရာကို ရဲတပ်ဖွဲ့သွားရောက်ဖမ်းဆီးရာမှာ ကျော်ဇေယျဖေ(ခ)ကိုဇေကို ဟွန်ဒါဖစ်ကား အနီရောင်နဲ့ တွေ့ရှိရပြီး ကားအတွင်းကို ရှာဖွေရာမှာတော့ မူးယစ်ဆေးဝါးတွေ မတွေ့ရပါဘူး။ ဒါပေမယ့် သူ့ရဲ့နေအိမ်ကို ၀င်ရောက်ရှာဖွေရာမှာတော့ WY စိတ်ကြွဆေးပြား ၁၂၀၀၀ ကို ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ၎င်းရဲ့နေအိမ်မှာ မူးယစ်ဆေးဝါးသုံးစွဲတဲ့ကိရိယာလည်း တွေ့ရှိခဲ့တာကြောင့် ဆေးသုံးကိရိယာ၊ စိတ်ကြွဆေးပြား၊ ကားနဲ့ ဖုန်းတွေကို ရှာဖွေပုံစံသိမ်းဆည်းခဲ့ပြီး မြိတ်မြို့မရဲစခန်းက မယ(ပ)၉၅/ ၂၀၁၆ ၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)အရအမှုဖွင့် အရေးယူဆောင်ရွက်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)