ပြည်တွင်းရွှေ့ပြောင်းနေထိုင်သူတွေရဲ့ သားသမီးတွေ ပညာရေး အထောက်အပံ့ လိုအပ်နေ

0
338

ထိုင်း-မြန်မာနယ်စပ်ဒေသ မြ၀တီမြို့နယ် လေးကေ့ကော်မြို့သစ်က ပြည်တွင်းရွှေ့ပြောင်း နေထိုင်နေသူတွေရဲ့ သားသမီးတွေဟာ ပညာရေး အထောက်အပံ့တွေ လိုအပ်နေပါတယ်။ ဒီသတင်းကို MCN သတင်းထောက် ကေသွယ်က တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

ထိုင်း-မြန်မာနယ်စပ်ဒေသက ဒုက္ခသည်တွေအတွက် နေရာပြန်လည်ချထားပေးတဲ့ လေးကေ့ကော်မြို့သစ် ကိုယ့်အားကိုယ်ကိုးကိုယ်ပိုင်အထက်တန်းကျောင်းကို Knowledge Zone ပညာရေးအဖွဲ့ကနေပြီး သင်ထောက်ကူပစ္စည်းတွေ လာရောက် လှူဒါန်းခဲ့တာဖြစ်ပါတယ်။
အဲဒီကျောင်းဟာ မြဝတီခရိုင် မြဝတီမြို့နယ် ထီးမဲ့ဝါးခီးကျေးရွာအနီးက ပြည်တွင်းရွှေ့ ပြောင်း နေထိုင်နေကြသူတွေရဲ့ သားသမီးတွေအတွက်ရည်ရွယ်ပြီး ကိုယ်ပိုင်အထက်တန်းကျောင်းဖွင့်လှစ်ထားတာပါ။

ဒီကျောင်းကို တည်ထောင်ဖွင့်လှစ်ထားတာ ၄ နှစ်ခန့် ကြာမြင့်နေပြီဖြစ်ပေမယ့် စာသင်ခုံလုံလောက်မှု မရှိတာတွေအပြင်၊ တည်ဆောက်ဆဲကျောင်းဆောင်သစ်တွေလည်း အမိုးအကာတွေ မပြုလုပ်နိုင်သေးပါဘူး။ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ၊ ပရဟိတအဖွဲ့တွေရဲ့ ကူညီထောက်ပံ့မှုတွေနဲ့ ဒီကျောင်းကို ဖွင့်လှစ်သင်ကြားနေတာလည်း ဖြစ်ပါတယ်။

ပြည်တွင်းရွှေပြောင်းဒုက္ခသည်တွေအတွက် ပြန်လည်နေရာချထားပေးနေတဲ့ လေးကေ့ကော်မြို့သစ်ဟာ ခုဆိုရင် အိမ်ခြေ ၂၁၃ လုံးရှိပြီး အိမ်ထောင်စု ၂၁၃ စုနေထိုင်ကြပါတယ်။ နောက်ထပ် အိမ်ခြေ ၂၀၀ ထပ်ပြီး တည်ဆောက်နေသလို အိမ်ခြေပေါင်း ၁၅၀၀ အထိ တည်ဆောက်ဖို့ ရည်မှန်းထားတယ်လို့ ပြောပါတယ်။

လေးကေ့ကော်မြို့သစ်အပါအ၀င် ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည်တွေနဲ့ KNU တပ်ဖွဲ့ဝင်တွေအတွက် ရည်ရွယ်ပြီး တည်ဆောက်နေတဲ့ စီမံကိန်း ၇ ခုရှိရာ KNU တပ်မဟာ ၆ အခြေစိုက်ရာ ဒူးပလားယားခရိုင်အတွင်းမှာ၂ ခု KNU တပ်မဟာ ၇ အခြေစိုက်ရာ ဘုရားသုံးဆူဖက်မှာ ၄ ခု တည်ဆောက်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)