ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ဖြစ်ပေါ်ဖို့ ဘာပေးကြမလဲဆိုတဲ့အပေါ် အခြေခံ ဆွေးနွေးကြဖို့ ဒေါ်အောင်ဆန်း စုကြည် ပြောကြား

0
350

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖြစ်ပေါ်ဖို့ ဘာပေးကြမလဲဆိုတဲ့အပေါ် အခြေခံဆွေးနွေးကြဖို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

ဇွန်လ ၂၈ ရက်နေ့က နေပြည်တော်ရှိ Horizon Lake View Hotel မှာ ကျင်းပပြုလုပ်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေး အဖွင့် မိန့် ခွန်းမှာ ပြောကြားလိုက်တာပါ။

အဲ့ဒီအစည်းအဝေးမှာတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်နဲ့အတူ အစိုးရအဖွဲ့ဝင်တွေနဲ့အတူ PPST ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့မှာပါဝင်တဲ့ (NCA လက်မှတ်ရေးထိုး ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့ ) ခေါင်းဆောင်တွေ တက်ရောက် ဆွေးနွေးနေကြတာဖြစ်ပါတယ်။

ဒါ့အပြင် အဲ့ဒီအခမ်းအနား အဖွင့်မိန့်ခွန်းမှာပဲ တိုင်းရင်းသားတွေအားလုံး လုံခြုံမှုနဲ့ လွတ်လပ်မှုကို အာမခံနိုင်မယ့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတစ်ခုကို ထူထောင်နိုင်ဖို့အတွက် ၀ိုင်းဝန်းကူညီကြဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသားခေါင်းဆောင်တွေကို မေတ္တာရပ်ခံ ပြောကြားခဲ့ပါတယ်ရှင်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)