ဦးရွှေမန်းပြောကြားချက်နဲ့ ပတ်သက်တဲ့ သတင်းကို ရိုးရိုးသားသား ဖော်ပြခဲ့ခြင်းသာဖြစ်တယ်လို့ ဆဲဗင်းဒေးမီဒီယာ ထုတ်ပြန်

0
368

၂၀၁၆ ခုနှစ် ဧပြီလ ၂၄ ရက်နေ့က ဖော်ပြခဲ့တဲ့ ဦးရွှေမန်းသတင်းကို ဆဲဗင်းဒေးသတင်းစာအနေနဲ့ ရိုးရိုးသားသားဖော်ပြခဲ့ခြင်းသာဖြစ်တယ်လို့ ဒီကနေ့ထုတ်ဆဲဗင်းဒေးသတင်းစာမှာ ဖော်ပြထားပါတယ်။

“စစ်တက္ကသိုလ်ဆင်းညီနောင်များအား လက်ရှိအစိုးရနှင့်ပူးပေါင်းဆောင်ရွက်ရန် သူရဦးရွှေမန်းတိုက်တွန်း”ခေါင်းစဉ်နဲ့ ဖော်ပြခဲ့တဲ့သတင်းဟာ တပ်မတော်ကို သွေးခွဲလိုတဲ့ရည်ရွယ်ချက်နဲ့ ဖော်ပြခဲ့တယ်ဆိုပြီး တပ်မတော်က တရားစွဲဆိုထားတာဖြစ်ပါတယ်။

ဒီသတင်းဟာ နိုင်ငံတော်နဲ့တပ်မတော် အပေါ် သစ္စာစောင့်သိမှုမထားရန်နဲ့ တာဝန်ဝတ္တရားတွေကို မဆောင်ရွက်နိုင်အောင် သွေးထိုးလှုံ့ဆော်ဖို့အတွက် ရည်ရွယ်တာ လုံးဝမဟုတ်ဘူးလို့ ဆဲဗင်းဒေးသတင်းစာက ရေးသားထားပါတယ်။

ဒါ့အပြင် နားလည်မှုလွဲပြီး အခုလိုဖြစ်ရတာတာတွေအတွက် စိတ်မကောင်းဖြစ်ပြီး ထိခိုက်နစ်နာစေလိုတဲ့ ရည်ရွယ်လုံးဝမရှိကြောင်း ရေးသားထားတာပါ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)