ရဟတ်ယာဉ်ပျက်ကျခဲ့ပြီး ကိုလံဘီယာစစ်သား ၁၇ ဦးသေဆုံး

0
269

အင်န်ဒီးတောင်တန်းဧရိယာအတွင်း ပျံသန်းစဉ် ရုရှားနိုင်ငံလုပ် Mi-17 ရဟတ်ယာဉ်တစ်စင်း ပျက်ကျခဲ့ပြီး ကိုလံဘီယာစစ်သား ၁၇ ဦးသေဆုံးခဲ့တယ်လို့ စစ်တပ်က ဇွန်လ ၂၇ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

ရဟတ်ယာဉ်ဟာ ချိုကိုပြည်နယ် တောအုပ်ကနေ တိုလီမာယီးဒါးစစ်တပ်အခြေစိုက်တဲ့ မယ်လ်ဂါမြို့ကို ပျံသန်းလာစဉ် ဇွန်လ ၂၆ ရက်နေ့က ပျက်ကျခဲ့တာဖြစ်ပါတယ်။ ယာဉ်ပျက်ကျတဲ့နေရာကို ၀င်ရောက်ရှာဖွေခဲ့ပေမယ့် အသက်ရှင်ကျန်ရစ်သူတွေ မတွေ့ရပါဘူး။

ကိုလံဘီယာနိုင်ငံမှာ ပြီးခဲ့တဲ့ နှစ်သြဂုတ်လကလည်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ဆောင်နေစဉ်အတွင်း ရဟတ်ယာဉ်တစ်စင်းပျက်ကျခဲ့ပြီး ရဲအရာရှိ ၁၆ ဦးသေဆုံးခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)