ပဲခူး-ရန်ကုန်လော်ကယ်ရထားအစား အဲကွန်းရထားနဲ့ အစားထိုးပြေးဆွဲမယ်

0
348

ပဲခူး – ရန်ကုန် ပြေးဆွဲနေတဲ့ လော်ကယ် ရထားနေရာမှာ RBE အဲကွန်းရထားနဲ့ အစားထိုး ပြေးဆွဲပေးတော့မှာပါ။

daily_sept_3_rbe

ဒီလို အစားထိုးပြေးဆွဲမှုကို ဇွန်လ ၁ ရက်နေ့မှာ စတင်တော့မှာပါ။ အခုလို အစားထိုး ပြေးဆွဲပေးတဲ့ ရည်ရွယ်ချက်ကတော့ ပဲခူးကနေ ရန်ကုန်ကို လာရောက်အလုပ်လုပ်ကိုင်တဲ့ ၀န်ထမ်းတွေ သက်သောင့် သက်သာစီးနှင်းနိုင်ဖို့အတွက်နဲ့ ခရီးချိန်ကြာမြင့်မှုကို လျော့ချတဲ့အနေနဲ့ စီစဉ်ခဲ့တာဖြစ်တယ်လို့ ဦးကျော် စိုးလင်း တိုင်းပို့ဆောင်ရေး မန်နေဂျာ မြန်မာ့မီးရထား တိုင်းအမှတ်(၇) ရန်ကုန် က MCN သတင်းဌာန ကိုပြောပါတယ်။

အခုလို လော်ကယ် ရထားနေရာမှာ RBE အဲကွန်းရထား အစားထိုး ပြေးဆွဲပေမယ့် ရထား စီးနင်းခတွေကို တော့ တိုးမြင့်ပြောင်းလဲကောက်ခံသွားမှာမဟုတ်ဘဲ နဂိုမှုလနှုန်းထားအတိုင်း ၄၅၀ ကျပ်သာ ကောက်ခံသွားမှာ ဖြစ်တယ်လို့သူကပြောပါတယ်။

“အခုလက်ရှိပြေးဆွဲပေးနေတာက ပဲခူးက နေ ရန်ကုန်ကို မနက် ၄ နာရီခွဲလောက်က ထွက်လာရင် ဒီကို ၈ နာရီခွဲလောက်မှ ရောက်တယ်။ အစားထိုးပြေးဆွဲလိုက်ရင် ဟိုက မနက် ၆ နာရီထွက်ရင် ဒီကို မနက် ၈နာရီ aလာက်ရမယ်။ ခရီးချိန်တော်တော်လေး လျော့ကျသွားမယ်။ပြီးတော့ ရထားစီးနင်းတဲ့ခရီးသည်တွေလည်း အဲကွန်းနဲ့သက်သောင့်သက်သာ စီးနိုင်မှာပါ။”လို့ ဦးကျော်စိုးလင်းက ဆိုပါတယ်။

အစားထိုးပြေးဆွဲမယ့် RBE အဲကွန်းရထားတွေဟာ ကုန်စည်တွေ တင်ဆောင်လို့ မရတာကြောင့် ဒီလော်ကယ်ရထားကို အားကိုးအမှီပြု ကုန်စည်တင်ဆောင်နေတဲ့ ခရီးသည်တွေအတွက် ရန်ကုန်-မန္တလေး ပြေးဆွဲနေတဲ့ ရထားကို ကုန်စည်တင်ဆောင်မယ့် ဘူတာတွေရပ်ပေးဖို့ စီစဉ်ထားကြောင်းလည်းသူက ပြောပါ တယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)