မြို့တော်ဝန်ဟောင်း အာမခံခဲ့တဲ့ ရေနုတ်မြောင်း အကြိမ်ကြိမ်ပြိုကျနေ

0
348

စမ်းချောင်းမြို့နယ် အောင်ချမ်းသာရပ်ကွက်က ရေနုတ်မြောင်း ဘောင်တွေ ကြံခိုင်မူမရှိတာကြောင့် ထပ်မံပြိုကျမှာကို ရပ်ကွက်နေပြည်သူတွေ စိုးရိမ်မူတွေမြင့်တက်နေတာပါ ဒီအကြောင်းကို MCN သတင်းထောက်အောင်ကျော်မိုးက သတင်းပေးပို့ထားပါတယ်။

စမ်းချောင်းမြို့နယ် အောင်ချမ်းသာရပ်ကွက်က အရှည်ပေ ၂၀၀၀ ခန့် နဲ့ အကျယ် ၁၅ ပေ၀န်းကျင်ရှိတဲ့ ရေနုတ်မြောင်းကြီး အနီးမှာ နေထိုင်ကြတဲ့ ပြည်သူတွေဟာ ရေမြောင်းဘောင်တွေ ပြိုကျမူတွေ ထပ်မံဖြစ်ပေါ်လာမှာကို  စိုးရိမ်နေကြပါတယ်။ အဲ့ဒီရေမြောင်းဘောင်နဲ့ အများပြည်သူနေထိုင်တဲ့ ကန်ထရိုက်တိုက်တွေဟာ နောက်ကျောကပ်လျှပ်မှာ ရှိနေတာပါ

မေလ ၂၂ ရက်နေ့က ရေမြောင်းဘောင်ပြိုကျမူဖြစ်ပေါ်ခဲ့တာဖြစ်ပြီး အရင်ကလည်း ဒီလိုပြိုကျမှု သုံးကြိမ်ဖြစ်ပေါ် ခဲ့ဖူးပါတယ်။ ဒီလို ခဏခဏပြိုကျနေရတာဟာ   အရင်အစိုးရလက်ထက်က ရေမြောင်းဘောင် ကာရံတာတွေ ပြုလုပ်တဲ့နေရာမှာ နည်းစနစ်မကျတဲ့အတွက် လို့ ရပ်ကွက်နေပြည်သူတွေက ဝေဖန်နေကြပါတယ်။

 

ဒါအပြင်ရေမြောင်းနံရံပြိုကျမူကို တာဝန်ရှိသူတွေအနေနဲ့လာရောက်ပြုပြင်မူတွေပြုလုပ်ပေးနေပေမယ့် ဘယ်လို နည်းလမ်းနဲ့ ပြန်ပြင်ပေးမယ်ဆိုတာကို မသိရှိရဘူးလို့ဒေသခံတွေကပြောကြပါတယ်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေနဲ့ လက်ရှိရေမြောင်းပြိုကျနေတာတွေ ကို ပြင်ပ နည်းပညာရှင် ခေါ်ယူပြီး အကြံဥာဏ်တောင်းလုပ်ဆောင်နေမူတွေကို ပြုလုပ်နေပါတယ်။ အရင် မြို့တော်ဝန် ဟောင်းတစ်ဦးဖြစ်တဲ့ ဦးလှမြင့်ကတော့ သူတို့ အစိုးရလက်ထက်က လုပ်ဆောင်ခဲ့တဲ့ ရေနုတ်မြောင်းဟာ ကြံခိုင်မူအပြည့်အ၀ရှိတယ်လို့ ပြောဆိုဖူးပါတယ်။
ဒီ ရေနုတ်မြောင်းဟာ အင်္ဂလိပ်လက်ထက်က ဆောက်လုပ်ခဲ့တာဖြစ်ပြီး ၂၀၁၅ခုနှစ် အောက်တိုဘာလမှာ ရေမြောင်းအဟောင်းကိုကျပ်ငွေ သိန်းလေးထောင် အကုန်အကျခံကာ ပြန်လည် အသစ်တည်ဆောက်ခဲ့ပေမယ့် အဲ့ဒီအုပ်တံတိုင်းအသစ်က အကြိမ်ကြိမ် ပြိုကျနေတာဖြစ်ပါတယ်။

 

Photo: Thawda Aung

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)