ယာဉ်သွားလာမှုတွေ များနေတာကြောင့် ကျောင်းသား ကျောင်းသူတွေနဲ့ အများပြည်သူတွေ အခက်တွေ့

0
369

တောင်ကြီး အေးသီရိဈေးရှေ့ ယာဉ်သွားလာမှုတွေများနေတာကြောင့် ကျောင်းသားကျောင်းသူတွေနဲ့ အများပြည်သူတွေ အခက်တွေ့နေပါတယ်။ ဒီသတင်းကိုတော့ MCN သတင်းထောက် ကေသွယ် က တင်ဆက်ပေးထားပါတယ်။

တောင်ကြီးမြို့ အေးသာယာမြို့သစ် အေးသီရိဈေးရှေ့မှာ နေ့စဉ်နဲ့မျှ ကားလမ်းတွေပိတ်ဆို့နေတဲ့အတွက် သွားရေးလာရေးခက်ခဲနေပါတယ်။ အဲ့ဒီလမ်းမှာ ကျောင်းတက်ကျောင်းဆင်းချိန်တွေက ယာဉ်ကြောပိတ်ဆို့မှု အများဆုံး ဖြစ်နေတယ်လို့ အေးသာယာမြို့ အထက(၂) မှ အလယ်တန်းပြဆရာမတစ်ဦးဖြစ်တဲ့ ဒေါ်နီလာကျော် က MCN သတင်းဌာနကိုပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)