မန္တလေးတိုင်း ဂီတပညာရှင်များအဖွဲ့ မြန်မာ့ဂီတနေ့ ကျင်းပ

0
399

ဇွန်လ ၂၇ ရက်နေ့ကို မြန်မာ့ဂီတနေ့အဖြစ် မြန်မာနိုင်ငံ ဂီတအစည်းအရုံးက သတ်မှတ်ပေးထားပြီး မန္တလေးတိုင်းဂီတပညာရှင်များအဖွဲ့အနေနဲ့ စတုထ္တအကြိမ်မြောက် မြန်မာဂီတနေ့
အခမ်းအနားပြုလုပ်ခဲ့ပါတယ်။

ဒီသတင်းအကြောင်းကိုတော့ MCN သတင်းထောက် ဗျူးလာဦး က တင်ဆက်ပေးထားပါတယ်။

ဇွန်လ ၂၇ ရက်နေ့ဟာ ၀ိုင်အမ်ဘီအေက သခင်တွေ စုပေါင်းပြီး တို့ဗမာသီချင်းကို ရေးစပ်သီကုံးကာ တို့ဗမာအစည်းအရုံး အစည်းအဝေးမှာ စတင်သီဆိုခဲ့တဲ့
နေ့တစ်နေ့ ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်ကစတင်ပြီး ဇွန်လ ၂၇ ရက်နေ့ကို မြန်မာ့ဂီတနေ့အဖြစ် မြန်မာနိုင်ငံ ဂီတအစည်းအရုံး သက်မှတ်ပေးခဲ့ပြီး ဒီနေ့မှာ မန္တလေးမြို့က
ဂီတပညာရှင်တွေစုပေါင်းပြီး မြန်မာ့ဂီတနေ့ အထိမ်းအမှတ်ပွဲကို လေးကြိမ်အဖြစ်ကျင်းပခဲ့ကြတာပါ။

အခုလိုပြုလုပ်ခဲ့တဲ့ ဂီတဖျော်ဖြေပွဲအခမ်းအနားကနေ ရရှိလာတဲ့ ရန်ပုံငွေတွေကို ပြန်လည်လှူဒါန်းမှုတွေပြုလုပ်နိုင်ခဲ့သလို အခုနှစ်မှာလည်း ရရှိတဲ့ငွေတွေကို မဏိမြန်မာအဖွဲ့အစည်း
နဲ့ ဂီတနဲ့သက်ဆိုင်တဲ့ သာရေးနာရေး အသင်းအဖွဲ့တွေကို လှူဒါန်းသွားဖို့ရှိပါတယ်။

မြန်မာ့ဂီတနေ့ ဖျော်ဖြေပွဲအခမ်းအနားကို မန္တလေးမြို့အပြင် ရန်ကုန်မြို့တွင်းက မြို့နယ် ၄၂ မြို့နယ် အပါအ၀င် မြန်မာတစ်နိုင်ငံလုံးက မြို့ပေါင်း ၁၂၀ မှာ အသီးသီးကျင်းပပြုလုပ်ခဲ့ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)