ကြက်ခြံက ထွက်တဲ့ အနံ့နဲ့ စွန့်ပစ်ရေဆိုးတွေကြောင့် မြိတ်မြို့က ဒေသခံတွေ ကျန်းမာရေးထိခိုက်လာ

0
381

ထူးထူးတိုးတိုး အပြည်ပြည်ဆိုင်ရာ ဥစားကြက်မွေးမြူရေးခြံမှ ထွက်ရှိတဲ့ အနံ့ဆိုးတွေနဲ့ ကြက်ချေးသိုလှောင်ကန်တွေက အနံ့ဆိုးကြောင့် ရေတွင်းရေကန်တွေ ပျက်စီးကာ ဒေသခံတွေ ကျန်းမာရေး ထိခိုက်နေတဲ့ အကြောင်းကို မြိတ်သတင်းထောက် ကိုညီဇော် ရိုက်ကူးပေးပို့ပြီး MCN သတင်းထောက် အောင်ကျော်မိုးက တင်ဆက်ပေးထားပါတယ်။

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်၊ မြိတ်တောင်ကျေးရွာအုပ်စု ငါးလေလံ လမ်းမကြီး ဘေးမှာရှိတဲ့ ထူးထူးတိုးတိုး အပြည်ပြည်ဆိုင်ရာ ဥစားကြက်မွေးမြူရေးခြံက စွန့်ပြစ်ရေဆိုးတွေထုတ်လွတ်နေတာကြောင့် အနီးအနားရပ်ကွက်က လက်ခပ်သောက်သုံးရေတွင်း (၁၃) တွင်း ပျက်စီးသွားခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲ့ဒီ သောက်ရေတွင်းတွေဟာ ကြက်ခြံစက်ရုံက ထွက်ရှိတဲ့ စွန့်ပစ်အရည်တွေကြောင့် ကြက်ခြေးနံ့တွေ နံနေပြီး ရေအရောင်က မဲညစ်ကာ အသုံးပြုလို့မရတဲ့ ရေတွင်းတွေ ဖြစ်နေပါပြီ။

အဲ့ဒီကြက်ခြံက စွန့်ပစ် ကြက်ချေးအနှစ်ရည်တွေကိုမြေသားကန်ကြီး (၃) ကန်နဲ့ သိုလှောင်ပြီး ၊ ကုန်းဖောက်ချောင်းအတွင်းသို့ စွန့်ပစ်နေတာပါ။ အဲ့ဒီကြက်ခြံကထွက်တဲ့ အနံ့ဆိုးတွေနဲ့ ရေဆိုးတွေကြောင့် သက်ကြီးရွယ်အိုတွေနဲ့ ကျောင်းသား/ သူ ကလေးငယ်မျတွေဟာ အသက်ရှူလမ်းကြောင်း ပြဿနာနှင့် အဆုတ်ရောင်၊ ဦးနောက်အမှေးပါးရောင်ရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါနဲ့ ၀မ်းပျက်ဝမ်းလျှောရောဂါတွေဖြစ်ပွားနေပါတယ်။

ထူးထူးတိုးတိုး အပြည်ပြည်ဆိုင်ရာ ဥစားကြက်မွေးမြူရေးခြံက တာဝန်ရှိသူတွေကတော့ သူတို့ အနေနဲ့ ရေဆိုးတွေကို စနစ်တကျစွန့်ပစ်နေပြီး အခုပြဿနာတွေ ဖြစ်ပွားနေတာဟာ ကြက်ခြံနဲ့ မသက်ဆိုင်ကြောင်း ပြောပါတယ်။

ကုန်းဖောက်ရပ်ကွက်ဟာ ရပ်ကွက် ၁ နဲ့ ၂ ရပ်ကွက် နှစ်ခုပေါင်း လူဦးရေ နှစ်ထောင်ကျော်နဲ့ အိမ်ခြေသုံးရာကျော် ရှိတာဖြစ်ပါတယ်။ အဲ့ဒီက ဒေသခံတွေအနေနဲ့ ရေတွင်းတွေ ပျက်စီးသွားတဲ့ အတွက်၊ သောက်သုံးရေကို ၀ယ်ယူသုံးစွဲနေရပြီး ကျန်းမာရေးပြဿနာတွေနဲ့လည်း ရင်ဆိုင်နေရတာကြောင့် ထူးထူးတိုးတိုး ကြက်ခြံကို စည်းကမ်းတကျ လုပ်ကိုင်ဆောင်ရွက်ရေးအတွက် တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ်နဲ့ သက်ဆိုင်ရာအဖွဲ့စည်းတွေကို ဒေသခံတွေက လက်မှတ်ရေးထိုး တိုင်ကြားထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)