အမေရိကန်ဒေါ်လာ ၅၆ မီလီယံ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ မြို့ကြီး သုံးမြို့မှာ မီးရှို့ဖျက်ဆီး

0
383

၂၉ ကြိမ်မြောက် အပြည်ပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးစားမှုနှင့် တရားမ၀င် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အခမ်းအနားတွေကို ရန်ကုန်၊ မန္တလေးနဲ့ တောင်ကြီးအပါအ၀င် မြန်မာနိုင်ငံအနှံ့အပြားမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ဒီသတင်းကို MCN သတင်းဌာနရဲ့ နယ်သတင်းထောက်တွေက ရိုက်ကူးပေးပို့ထားပြီး သတင်းထောက်ကေသွယ်က တင်ဆက်ပေးမှာဖြစ်ပါတယ်။

နိုင်ငံအတွင်း စနစ်တကျ စစ်ဆေးရေးဂိတ် အားနည်းမှုနဲ့ လုံခြုံရေးကန့်သတ်ဧရိယာအပေါ် အခွင့်အကောင်းယူ ထုတ်လုပ်မှုကြောင့် မူးယစ်ဆေးဝါး ထုတ်လုပ်မှုမြင့်တက်နေတာဖြစ်တယ်လို့ ဇွန်လ ၂၆ ရက်နေ့က ရန်ကုန်မှာ ပြုလုပ်တဲ့ အဲ့ဒီအခမ်းအနားမှာ မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး တပ်ဖွဲ့ ဒုတိယရဲမှူးကြီး ကျော်ကျော်မင်းက ပြောပါတယ်။

တောင်ကြီးမြို့မှာ ပြုလုပ်ခဲ့တဲ့ အပြည်ပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးစားမှုနှင့် တရားမ၀င် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အခမ်းအနားမှာတော့ ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်တွေမှာ လူမှုဘ၀ ဆင်းရဲမွဲတေမှုတွေရှိနေလို့ ဘိန်းစိုက်မှုတွေ များနေရတာဖြစ်ပြီး စီးပွားရေးနဲ့ လူမှုဘ၀ဖွံ့ဖြိုးဖို့ သက်ဆိုင်ရာတာဝန်ရှိသူတွေအနေ ဆောင်ရွက်ဖို့လိုအပ်နေတယ်လို ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံ့း ဒုရဲမှူးကြီး ဆန်းလွင်က ထောက်ပြခဲ့ပါတယ်။

ဒီလိုမြန်မာနိုင်ငံထဲမှာ ပျံ့နှံ့ဝင်ရောက်နေတဲ့ မူးယစ်ဆေးဝါးတွေဟာ မန္တလေးမြို့ကို ဖြတ်သန်းစီးဆင်း နေတာဖြစ်လို့ တရားမ၀င် သယ်ဆောင်လာတဲ့ မူးယစ်ဆေးဝါးတွေကို စစ်ဆေးရေးဂိတ်တွေကတစ်ဆင့် အများဆုံးဖမ်းမိ နေတယ်လို့ မန္တလေးအခြေစိုက် အမှတ်(၂) မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး တပ်ဖွဲ့ ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မြင့်အောင်က ဖြေကြားခဲ့ပါတယ်။

၂၉ ကြိမ်မြောက် အပြည်ပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးစားမှုနှင့် တရားမ၀င် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့မှာ မီးရှိုဖျက်ဆီးခဲ့တဲ့ ပမာဏတွေကတော့ ရန်ကုန်မှာ အမေရိကန် ဒေါ်လာ ၁၉ သန်းကျော် တန်ဖိုး၊ မန္တလေးမြို့မှာ အမေရိကန်ဒေါ်လာ ၄ သန်းကျော်တန်ဖိုးနဲ့ တောင်ကြီးမြို့မှာတော့ မြန်မာနိုင်ငံမှာ အများဆုံးအနေနဲ့ ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်ကနေ အမှုစိစစ်အရေးယူပြီး အမေရိကန် ဒေါ်လာ ၃၁ သန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)