လုံခြုံရေးကန့်သတ် ဧရိယာအပေါ် အခွင့်အကောင်းယူ ထုတ်လုပ်မှုကြောင့် မူးယစ်ဆေးဝါး ထုတ်လုပ်မှုမြင့်တက်လာ

0
360

နိုင်ငံအတွင်း စနစ်တကျ စစ်ဆေးရေးဂိတ် အားနည်းမှုနဲ့ လုံခြုံရေးကန့်သတ်ဧရိယာအပေါ် အခွင့်အကောင်းယူ ထုတ်လုပ်မှုကြောင့် မူးယစ်ဆေးဝါး ထုတ်လုပ်မှုမြင့်တက်လာတယ်လို့ မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေးတပ်ဖွဲ့ ဒုတိယရဲမှူးကြီး ကျော်ကျော်မင်းက ပြောကြားလိုက်ပါတယ်။

ရန်ကုန်မြို့ လှိုင်သာယာအဝေးပြေးကွင်းမှာ ဇွန်လ ၂၆ ရက်နေ့ကကျင်းပတဲ့ (၂၉ ) ကြိမ်မြောက် အပြည်ပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အခမ်းအနားမှာ အဲဒီလိုပြောကြားလိုက်တာပါ။

လွန်ခဲ့တဲ့ ခြောက်နှစ်ကာလတာကာလ ပထမဆုံး လေ့လာမှုတွေအရ မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့် စိတ်ပိုင်းဆိုင်ရာ မူမမှန်မှုတွေ တိုးလာတယ်လို့ ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာရုံး UNODC ရဲ့ နှစ်စဉ်အစီရင်ခံစာက တင်ပြထားပါတယ်။ အဲဒီအခမ်းအနားမှာ အမေရိကန် ဒေါ်လာ ၁၉ သန်းကျော် တန်ဖိုးရှိ တရားမ၀င် မူးယစ် ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့တာပါ။

စိတ်ကြွရူးသွပ်ဆေးပြားတွေဟာ တရားမ၀င် မူးယစ်ဆေးဝါးဈေးကွက်မှာ ဆက်လက် လွှမ်းမိုးထားတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၁၅ ခုနှစ်အတွင်း ဘိန်းစိုက်ပျိုးမှု ဟက်တာပေါင်း ၅သောင်း၅ထောင်ကျော် ရှိခဲ့ပြီး ၂၀၁၄ ခုနှစ်နဲ့ နှိုင်းယှဉ်ပါက ၄ ရာခိုင်နှုန်း လျော့နည်းသွားတယ်လို့ ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာရုံး UNODC ရဲ့ အစီရင်ခံစာအရ သိရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)