ရုပ်သံလိုင်းသစ်တွေကို ရုပ်သံဥပဒေအသက်မ၀င်ခင် စမ်းသပ်ထုတ်လွှင့်ခွင့်ပြုမယ်

0
326

ရုပ်/သံလိုင်း အသစ်တွေကို ရုပ်သံဥပဒေ အသက်မဝင်ခင် ကာလအတွင်း စမ်းသပ်ထုတ်လွှင့်ခွင့် ပြုသွားမယ်လို့ အစိုးရက ပြောကြားလိုက်ပါတယ်။

13285722_10205588355662908_1365842038_n

မေလ ၂၇ ရက်နေ့က နေပြည်တော်ရှိ ပြန်ကြားရေး ဝန်ကြီးရုံးမှာ ပြုလုပ်တဲ့ ရုပ်သံမီဒီယာ ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲမှာ ပြန်ကြာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင့်ဆွေက ထုတ်ဖော် ပြောကြားလိုက်တာပါ။

စမ်းသပ်ထုတ်လွှင့်မယ့် ရုပ်သံလိုင်းတွေကို ရုပ်မြင်သံကြားဥပဒေ မထွက်ရှိခင် ကာလအတွင်း စမ်းသပ်အနေနဲ့ MRTV နဲ့အတူ ဆက်စပ် ရုပ်သံကွန်ရက်တွေ ဖြစ်တဲ့ Sky Net ၊ MRTV 4 စတဲ့ ဒစ်ဂျစ်တယ် ရုပ်သံလွှင့် ကွန်ရက်တွေကနေ တဆင့် စမ်းသပ် ထုတ်လွှင့်ခွင့် ပြုတော့မှာလည်း ဖြစ်ပါတယ်။

ရုပ်သံလိုင်း စမ်းသပ်ထုတ်လွှင့်နိုင်ရေးတွေနဲ့ ပတ်သက်ပြီး ရုပ်သံမီဒီယာ လုပ်ငန်း ဦးဆောင် လုပ်ကိုင်နေသူတွေနဲ့ ပြန်ကြားရေးဝန်ကြီးဌာနတို့ အသေးစိတ် ထပ်မံဆွေးနွေးမှုတွေကို ဆက်လုပ်သွားမယ်လို့လည်း ပြန်ကြားရေးဝန်ကြီးရဲ့ လမ်းညွှန်မှုကို ကိုးကားပြီး အတွင်းဝန်က ပြောပါတယ်။

ဒါကြောင့် မကြာခင်မှာ ပြည်ပအခြေစိုက် ဒီဗွီဘီသတင်းဌာနအပါအဝင် MCN သတင်းဌာနနဲ့အတူ အွန်လိုင်းအခြေပြု ရုပ်သံမီဒီယာတွေရဲ့ ရုပ်သံအစီအစဉ်တွေ စမ်းသပ်ထုတ်လွှင့်ခွင့်တွေ ရရှိလာတော့မှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)