ထိုင်းမှာ စက်လှေတစီးတိမ်းမှောက်ခဲ့ပြီး လူနှစ်ဦးသေဆုံး၊ လူနှစ်ဦးပျောက်ဆုံးနေ

0
327

ထိုင်းနိုင်ငံ ကော့စမွီကျွန်းမှာ မေလ ၂၆ ရက် မနေ့က လူ ၃၆ ဦး တင်ဆောင်လာတဲ့ စက်လှေတစ်စီး တိမ်းမှောက်ခဲ့ပြီး ဗြိတိန်နိုင်ငံသား တစ်ဦးအပါအ၀င် လူနှစ်ဦး သေဆုံးခဲ့ပါတယ်။

1782561

လှေတိမ်းမှောက်မှုမှာ အသက်ရှင်ကျန်ရစ်သူတွေကို ကယ်တင်နိုင်ဖို့ ရှာဖွေကယ်ဆယ်ရေးတွေ ပြုလုပ်ခဲ့ပါတယ်။
နောက်ဆုံးရရှိထားတဲ့ သတင်းတွေအရ စက်လှေပေါ်မှာ ပါဝင်တဲ့ နောက်ထပ် နိုင်ငံခြားသား နှစ်ဦးလည်း ပျောက်ဆုံးနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီ စက်လှေဟာ ကော့စမွီကျွန်းရှိ Mu Ko Ang Thong အမျိုးသား ဥယျာဉ်ကနေ အပြန် ဒီရေ တက်လာတာကြောင့် တိမ်းမှောက်ခဲ့တာဖြစ်တယ်လို့ ထိုင်းမီဒီယာမှာ ဖော်ပြထားပါတယ်။
ထိုင်းရဲတွေဟာ စက်လှေပိုင်ရှင်ကို တရားစွဲဆိုနိုင်ဖို့အတွက် စက်လှေတိမ်းမှောက်မှုဖြစ်ခဲ့တဲ့ နေရာမှာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။

Ref:reuters

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)