ဂျပန်လေဆိပ်မှာ ကိုရီးယားလေယာဉ်တစ်စင်း မီးလောင်မှုဖြစ်ပွား

0
301

ဂျပန်နိုင်ငံ တိုကျို မြို့က ဟာနီဒါမှာ မေလ ၂၇ ရက်နေ့က လေဆိပ်ကနေ ထွက်ခွာဖို့ ပြင်ဆင်နေတဲ့ ကိုရီးယားလေယာဉ်တစ်စီးဟာ ဘယ်ဘက်အင်ဂျင်ကနေ မီးလောင်ပြီး မီးခိုးငွေ့တွေ ထွက်လာခဲ့တာကြောင့် ခရီးသည်အားလုံးကို ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးခဲ့ပါတယ်။

_89812463_d24c9c5b-886a-4067-a400-abf34e366bd8

ခရီးစဉ်မှာ လိုက်ပါဖို့ စောင့်ဆိုင်းနေကြတဲ့ ခရီးသည် ၁၀၂ ဦးနဲ့ လေယာဉ်ဝန်ထမ်း ၁၇ ဦးလုံးကို ကယ်တင်နိုင်ခဲ့ပြီး ဒဏ်ရာရသူတော့မရှိခဲ့ပါဘူး

မတော်တဆမှုကြောင့် လေဆိပ်ကို ယာယီပိတ်လိုက်ပြီး တိုကျိုရုပ်မြင်သံကြားကနေ ထုတ်လွှင့်တဲ့ ဗီဒီယိုဖိုင်ထဲမှာတော့ မီးသတ်ကားက မီးငြိမ်းသတ်တာကြောင့် လေယာဉ် ပြေးလမ်းတစ်လျှောက်မှာ ရေမြှုပ်တွေကိုတွေ့ရပါတယ်။

အဲဒီလေယာဉ်က တိုကျိုကနေ တောင်ကိုးရီးယားနိုင်ငံ ဆိုးလ်မြို့ကို ပျံသန်းမှာ ဖြစ်ပါတယ်။

ဟာနီဒါ လေဆိပ်ဟာ တစ်နေ့ကို လေယာဉ်အစင်း ၅၅၀ လောက်ပြေးဆွဲနေပြီး ကမ္ဘာ့အလှုပ်အရှုပ်ဆုံး လေဆိပ်လည်းဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)