သုံးနှစ်စာချုပ်နဲ့ မော်ရင်ဟိုကို နည်းပြအဖြစ် မန်ယူခန့်အပ်

0
286

ချဲလ်ဆီးအသင်းရဲ့နည်းပြဟောင်း မော်ရင်ဟိုကို မန်ချက်စတာ ယူနိုက်တက် အသင်းကနေ နည်းပြအသစ်အဖြစ် (၃)နှစ်စာချုပ်ချုပ်ဆိုလိုက်ပြီဖြစ်ပါတယ်။

13285812_1052575574791045_1838523376_n

အင်္ဂလန်ဘောလုံး လောကရဲ့ နာမည်ကျော်ကလပ်အသင်းတစ်သင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်အသင်းဟာ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်က ခန့်အပ်ခဲ့တဲ့ နည်းပြ လူးဝစ်ဗန်ဟား ကိုရာထူးကနေထုတ်ပယ်လိုက်ပြီး မော်ရင်ဟိုကို နည်းပြအဖြစ်ခန့်အပ်ခဲ့တာပါ။

မော်ရင်ဟိုဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ကတည်းက ချဲလ်ဆီးအသင်းနဲ့ လမ်းခွဲခဲ့ပြီး အသင်းလက်မဲ့ဖြစ်နေခဲ့တာပါ။ မော်ရင်ဟိုအနေနဲ့ မန်ယူအသင်းရဲ့ ဂန္ထ၀င်နည်းပြဟောင်း ဖာဂူဆန် အနားယူခဲ့စဉ်ကတည်းက မန်ယူအသင်းနည်းပြ ဖြစ်လာဖို့ ထိပ်ဆုံးကရေပန်းစားခဲ့တာလည်းဖြစ်ပါတယ်။

မန်ယူအသင်း နဲ့ မော်ရင်ဟို ရဲ့ အေးဂျင့် တို့ဟာ ပြီးခဲ့တဲ့ မေ လ ၂၄ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ဒီကနေ့ မေလ ၂၇ ရက်နေ့မှာ နည်းပြအဖြစ် ၃ နှစ်စာချုပ်ချုပ်ဆိုဖို့ အတည်ပြုနိုင်ခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)