နိုင်ငံတည်ဆောက်ရေး လုပ်ငန်းစဉ်တွေမှာ လူငယ်တွေ ကူညီလာနိုင်ဖို့ ရည်ရွယ်ပြီး လူငယ်ညီလာခံတစ်ရပ်ကျင်းပ

0
393

လူငယ်ရေးရာမူဝါဒတွေကို အစိုးရက ချမှတ်နိုင်ဖို့နဲ့ နိုင်ငံတည်ဆောက်ရေး လုပ်ငန်းစဉ်တွေမှာ လူငယ်တွေတစ်ဖက်တစ်လမ်းက ကူညီလာနိုင်ဖို့ ရည်ရွယ်ပြီး လူငယ်ညီလာခံတစ်ရပ် ကျင်းပခဲ့ပါတယ်။

13321036_1765038623730730_2146984601_o

အဲဒီမန္တလေးတိုင်းဒေသကြီး လူငယ်ညီလာခံ (Mandalay Regional Youth Conference) ကို တံတားဦးမြို့နယ် ကံကော်ခြံရိပ်သာမှာ မေလ ၂၇ ရက်နေ့ကနေ ၂၉ ရက်နေ့ထိ ၃ရက်ကြာ ပြုလုပ်နေပါတယ်။

ရပ်ရွာအခြေပြု လူငယ်ခေါင်းဆောင်တွေ ပေါ်ထွက်လာဖို့၊ မတူကွဲပြားတဲ့ လူငယ်တွေကြား ခိုင်မာစွာ ကွန်ရက်ချိတ်ဆက်နိုင်ဖို့နဲ့ သက်ဆိုင်ရာမြို့နယ်တွေက အစိုးရဌာနဆိုင်ရာတွေနဲ့ ချိတ်ဆက်ပြီး လူငယ်ရေးရာမူဝါဒဖော်ဆောင်တဲ့ဖြစ်စဉ်မှာ လူငယ်တွေရဲ့ စစ်မှန်သောအသံပါဝင်လာနိုင်ဖို့ အဲဒီညီလာခံမှာ ဆွေးနွေးကြမှာဖြစ်ပါတယ်။

ဒီလူငယ်ညီလာခံကို လူငယ့်အရေးစိတ်ဝင်စားတဲ့ မန္တလေးမြို့က လူငယ်တွေ စီစဉ်တာဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးအတွင်းက မြို့နယ် ၂၈ မြို့နယ်က လူငယ် ၁၂၀ တက်ရောက် ဆွေးနွေးနေကြတာဖြစ်ပါတယ်။

 

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)