အမည်ပျက်စာရင်း အသွင်းခံထားရသူများ ရက် ၁၀၀ အတွင်း ပယ်ဖျက်ပေးမယ်

0
315

နိုင်ငံခြားရေးဝန်ကြီးဌာနက ဆောင်ရွက်မယ့် ရက် ၁၀၀ စီမံကိန်းမှာ ပြည်ပကိုရောက်ရှိခဲ့သူတွေထဲက ယုံကြည်ချက်နဲ့ နိုင်ငံရေးလှုပ်ရှားဆောင်ရွက်မှုတွေကြောင့် ယခင်အစိုးရလက်ထက်မှာ အမည်ပျက်စာရင်း(Black List)အသွင်းခံထားရသူတွေကိုပယ်ဖျက်ပေးဖို့ ရှိနေပါတယ်။

8888s-Strike

ဒါ့အပြင် ပြည်ပနိုင်ငံတွေကိုရောက်ရှိနေတဲ့မြန်မာနိုင်ငံသားတွေအတွက် မြန်မာသံရုံးတွေဟာ ကိုယ့်ရဲ့မိဘအိမ်သဖွယ် အားကိုးရာဖြစ်လာအောင် ကြိုးစားသွားမှာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံသားတွေဟာ အဲဒီနိုင်ငံက ဥပဒေနဲ့ အညီ အခွင့်အရေးတွေကိုလည်း အပြည့်အဝရရှိအောင် ဆောင်ရွက်သွားမှာလည်း ဖြစ်ပါတယ်။ အစိုးရသစ်လက်ထက် တိုင်းပြည်ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေမှာလည်း မြန်မာနိုင်ငံသားဟောင်းတွေရဲ့ စွမ်းအားအရင်းအမြစ်တွေပါဝင်လာစေဖို့ ပြည်ဝင်ခွင့်ဗီဇာ လွယ်ကူရေး၊ ပြည်နေထိုင်ခွင့် ပိုမိုပြီး ရရှိစေရေးစတာတွေကို အဓိကထား လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ မေ ၂၇ ရက်နေ့ထုတ် နိုင်ငံပိုင် ကြေးမုံသတင်းစာမှာ ဖော်ပြထားပါတယ်။

 

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)