အမျိုးသားအဆင့် လုပ်သားထုဆိုင်ရာ ကျွမ်းကျင်မှုဖွံ့ဖြိုး တိုးတက်ေရး ဆွေးနွေးပွဲကျင်းပ

0
334

အမျိုးသားအဆင့် လုပ်သားထုဆိုင်ရာ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ေရးဆွေးနွေးပွဲကို ဒီကနေ့ မနက်က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာနမှာ စတင်ပြုလုပ်ခဲ့ပါတယ်။

13293183_246489599056672_475154080_n

နှစ်ရက်တာ ပြုလုပ်မယ့် ဒီဆွေးနွေးပွဲကို မြန်မာနိုင်ငံမှာရှိတဲ့ အလုပ်သမားထုရဲ့ လုပ်ငန်းကျွမ်းကျင်မှုတွေ တိုးတက်မြင့်မားလာရေးနဲ့ အလုပ်သမားတွေ အတွက် အစိုးရ နဲ့ ပုဂ္ဂလိက အဖွဲ့အစည်းတွေက ကူညီပေးနိုင်ရေး ၊ ထိရောက်တဲ့ အလုပ်သမားဆိုင်ရာ ဥပဒေတွေ အကောင်အထည်ဖော်နိုင်ရေး စတာတွေ အတွက် ရည်ရွယ် ပြုလုပ်ခဲ့တာပါ။ ဒီဆွေးနွေးပွဲကို မြန်မာနိုင်ငံ အနှံ့က အလုပ်သမားဆိုင်ရာ အဖွဲ့အစည်းတွေတက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ အလုပ်သမားများကျွမ်းကျင်မှု စံ သတ်မှတ်ရေးအဖွဲ့အစည်းကလည်း တက်ရောက် ဆွေးနွေးခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)