မြန်မာတို့ရဲ့ ရိုးရာယဉ်ကျေးမှု အမွေအနှစ်ကို ပြသလိုတဲ့ ရည်ရွယ်ချက်နဲ့ ပုဂံဝတ်စုံကို ၀တ်ဆင်တာလို့ဆို

0
344

ဝေဖန်မှု မြင့်တက်ခဲ့တဲ့ ဆီဒိုးနား ဟိုတယ်က ဧည်ကြိုဝန်ထမ်း ၀တ်စုံနဲ့ ပတ်သက်ပြီး ဟိုတယ်က ရှင်းလင်းစာတစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

555

13282131_217672928625651_180970125_n

 

ဆီဒိုးနား ဟိုတယ်ရဲ့ ၀န်ထမ်းတစ်ဦးက မြန်မာ့ ရိုးရာ ယဉ်ကျေးမှု ၀တ်စုံဆင်ဝတ်ဆင်ပြီး ဧည့်ကြိုခဲ့တဲ့ ဓာတ်ပုံတွေဟာ လူမှုကွန်ရက်စာမျက်နှာထက်မှာ မေလ ၂၅ ရက်နေ့ မှာ ပျံ့နှံ့လာခဲ့တာပါ။ ဒီဓာတ်ပုံတွေနဲ့ပတ်သက်ပြီး ပြင်းပြင်းထန်ထန်ဝေဖန်မှုတွေလည်းရှိခဲ့တာပါ။ ဒီလိုဝေဖန်မှုတွေနဲ့ပတ်သက်ပြီး ဆီဒိုးနားဟိုတယ်က ထုတ်ပြန်ချက်တစ်ခုကို မေလ ၂၆ ရက်နေ့ ညနေ ၅ နာရီကျော်ခန့်က ဆီဒိုးနား ဟိုတယ်က ထုတ်ပြန်ခဲ့တာပါ။

ဟိုတယ်ရဲ့ ရှင်းလင်းစာထဲမှာတော့ အခုလို ရိုးရာယဉ်ကျေးမှု ၀တ်စုံဝတ်ခဲ့တာနဲ့ပတ်သက်ပြီး လာရောက်တည်းခိုတဲ့ ဧည့်သည်တွေကို နွေးထွေး ယဉ်ကျေးပျူငှာစွာနဲ့ မြန်မာတို့ရဲ့ ရိုးရာယဉ်ကျေးမှု အမွေအနှစ်ကို ပြသလိုတဲ့ ရည်ရွယ်ချက်နဲ့ဝတ်ဆင်တာဖြစ်တယ် ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် မြန်မာ့ယဉ်ကျေးမှုကို မလေးစားတဲ့ ရည်ရွယ်ချက်တွေမရှိကြောင်းနဲ့ ဧည့်ကြိုတွေကို အဆိုပါရိုးရာဝတ်စုံကိုလည်း ဆက်လက် ၀တ်ဆင်ခိုင်းတော့မှာမဟုတ်ဘူးလို့ ဖော်ပြပါရှိခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)