ရုရှား-မြန်မာ ကာကွယ်ရေး ၀န်ကြီးတွေ တရားဝင်တွေ့ဆုံ

0
404

ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးနဲ့ မြန်မာ့တပ်မတော် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးတို့ တရားဝင်တွေ့ဆုံခဲ့တယ်လို့ အစိုးရက သတင်းထုတ်ပြန်လာ ပါတယ်။

SAVX8147-550
ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းနဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီး Sergie Shoigu (ဆာဂျီ ရှိုင်ဂူ) တို့ နှစ်နိုင်ငံကြား စစ်ရေးအရ ပူးပေါင်းဆောင်ရွက်ရေးနဲ့ ပတ်သတ်ပြီး ဧပြီလ ၂၆ ရက်နေ့က မော်စကိုမြို့မှာ တွေ့ဆုံခဲ့တာပါ။

အဲ့ဒီတွေ့ဆုံမှုအတွင်းမှာတော့ ရုရှားနဲ့ မြန်မာနိုင်ငံဟာ နှစ်ပေါင်း ၇၀ ကြာ ခိုင်မာတဲ့ သံတမန် ဆက်ဆံရေးရှိခဲ့ပြီး စစ်ရေးနဲ့ နည်းပညာဆိုင်ရာတွေကို အပြန်အလှန် ပူးပေါင်း ဆောင်ရွက်နိုင်ဖို့ ဒီတွေ့ဆုံဆွေးနွေးပွဲက ခိုင်မာတဲ့ တိုးတက်မှုတွေ ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ထားကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးကပြောကြားခဲ့ပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ ဟာ ဧပြီ၂၆ ရက်နေ့ကနေ ၂၉ ထိကျင်းပမယ့် အာဆီယံ-ရုရှား ကာကွယ်ရေးဝန်ကြီးများ အလွတ်သဘော အစည်းအဝေးကို တက်ရောက်ဖို့ မော်စကိုမြို့ကို ဧပြီလ ၂၅ ရက်နေ့က ထွက်ခွာသွားခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)