၂၁ရာစု ပင်လုံညီလာခံကို ကြိုဆိုဟု ဒေါ်နန်းဝါနုဆို

0
470

ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီက ဒေါ်နန်းဝါနုကို MCN သတင်းဌာနက သီးခြားဆက်သွယ်ပြီးမေးမြန်းခဲ့ရာမှာ
သေချာမသိသေးပေမယ့် ငြိမ်းချမ်းရေးကို တိုင်းရင်းသားတိုင်းက လိုချင်ကြတာဖြစ်တဲ့ အတွက်ကြိုဆိုတယ်လို့သူကပြောပါတယ်။

Voice Phone Call.Still003

ပြည်တွင်းငြိမ်းချမ်းရေးကို ဖော်ဆောင်ရာမှာ ယခင်စစ်အစိုးလက်ထက်ကတည်းက စတင်ဆောင်ရွက်ခဲ့ပေမယ့် ထိရောက်တဲ့ အောင်မြင်မှုတွေမရရှိတဲ့အပြင်တိုင်းရင်းသား လက်နှက်ကိုင်အဖွဲ့များနဲ့
မြန်မာ့တပ်မတော်တို့အကြား တိုက်ပွဲများမကြာခဏဆိုသလိုဖြစ်ပေါ်လာခဲ့ရာမှာ နှစ်ပေါင်း၆၀ကျော်တဲ့အထိရှိခဲ့ပြီဖြစ်ပါတယ်။
ပြည်တွင်း ငြိမ်းချမ်းရေးတည်ဆောက်ရာမှာ အခက်အခဲများစွာရှိနေခဲ့ပြီး ကြိုးစားအားထုတ်မှုတွေလည်း အစိုးရအဆက်ဆက် လုပ်ဆောင်ခဲ့ကြပေမယ့် တိကျသေချာတဲ့ ရလာဒ်ကောင်းတွေတော့ မရရှိခဲ့သေးပါဘူး၊
ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ရာမှာ ပြည်တွင်းငြိမ်းချမ်းရေးဟာအဓိကကျပြီး တိုင်းရင်းသားအားလုံးပါဝင်တဲ့ ဖယ်ဒရယ်ပြည်ထောင်စု စနစ်ကို ဖော်ဆောင်ဖို့အတွက် ယခင်ကပြုလုပ်ခဲ့တဲ့ ပင်လုံညီလာခံလိုမျိုး
ယခုအရပ်သားအစိုးရလက်ထက်မှာ ၂၁ရာစု ပင်လုံညီလာခံကို အချိန်မဆွဲပဲ အမြန်ဆုံးကျင်းပသွားမှဖြစ်မယ်လို့
နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ နေပြည်တော်မှာကျင်းပနေတဲ့ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်ဆဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီနဲ့ ပထမဆုံးအကြိမ်အဖြစ်တွေ့ဆုံပွဲမှာ ပြောကြားလိုက်ပါတယ်။
အဲဒီလိုပြောကြားလိုက်တဲ့ အပေါ်မှာလည်း တိုင်းရင်းသားအချို့ရဲ့ ဝေဖန်အကြံပြုသံများလည်း တစ်ဆက်တည်းထွက်ပေါ်လာခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)