မန္တလေးမှာပြုလုပ်တဲ့ လူထုအခြေပြု စုပေါင်း စက်ဘီးနင်းပွဲ ၀န်ကြီးချုပ် ပါဝင်ဆင်နွှဲ

0
358

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ လမ်းညွှန်မှုနဲ့ပြုလုပ်တဲ့ မန္တလေးမြို့မှာပြုလုပ်တဲ့ လူထုအခြေပြုစုပေါင်းစက်ဘီးနင်းပွဲကို မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဇော်မြင့်မောင် ပါဝင်ဆင်နွှဲခဲ့ပါတယ်။

ဇွန်လ ၂၆ ရက်နေ့မှာပြုလုပ်တဲ့ဒီပွဲကို မြန်မာနိုင်ငံစက်ဘီးစီးအဖွဲ့ချုပ်နဲ့ မန္တလေးတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းပြုလုပ်တာဖြစ်ပါတယ်။

တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေး၊ လောင်စာဆီခြိုးခြံခြွေတာရေး၊ လေထုညစ်ညမ်းမှုစုပေါင်းလျော့ချရေးနဲ့ ယာဉ်ကြောကြပ်တည်းမှုလျော့ချရေး ရည်ရွယ်ချက်တွေနဲ့ကျင်းပတဲ့ ဒီပွဲကို မည်သူမဆိုဝင်ရောက်ဆင်နွှဲနိုင်ပြီး မည့်သည်စက်ဘီးနဲ့မဆို ပါဝင်စီးနင်းနိုင်တာဖြစ်ပါတယ်။

အခုလို လုထုအခြေပြုစက်ဘီးစီးနင်းပွဲကို မြန်မာနိုင်ငံရှိ ရန်ကုန် မန္တလေး မော်လမြိုင် မြို့ ကြီးသုံးမြို့မှာ တစ်ပြိုင်နက်တည်း ကျင်းပခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)