နေရောင်ခြည် စွမ်းအင်သုံး Solar Impluse 2 လေယာဉ် အမေရိကန်တွင် ဆင်းသက်

0
289

နေရောင်ခြည် စွမ်းအင်သုံး Solar Impulse 2 လေယာဉ်ဟာ မေလ ၂၅ ရက် ဗုဒ္ဓဟူးနေ့က အမေရိကန်ပြည်ထောင်စု Pennsylvania ပြည်နယ် Lehigh Valley မြို့ မှာ ဆင်းသက်ခဲ့ပါတယ်။

solar-impulse-2-plane-designboom01-818x527

Pennsylvania ကို မရောက်ခင်အစောပိုင်းကလည်း Ohio ပြည်နယ် Dayton မြို့မှာလည်း ဆင်းသက်ခဲ့ပါသေးတယ်။
လေယာဉ်ရဲ့ တောင်ပံတွေဟာ Boeing 747 ကို အသုံးပြုထားပေမယ့် ပိုပြီး ပါးလွှာတဲ့ ကာဘွန်ဖိုင်ဘာကို အသုံးပြုထားတာပြီး တစ်နာရီကို မိုင် ၃၄ ကနေ ၆၂ မိုင်ထိ ပျံသန်း နိင်ပါတယ်။
လေယာဉ်က ပန်ကာက စက်လေးလုံးမှာ နေရောင်ခြည် ဆိုလာ ဆဲလ်တွေ 17000 ကျော်ထိ ထိန်းသိမ်းထားနိုင်စွမ်းရှိပြီး နေ့ဘက် စွမ်းအင်ကို ရယူကာ ညဖက်မှာ ပျံသန်းတာပါ။
လေယာဉ်က အမြင့်ပေ ၂သောင်း ၈ထောင်အထိ ပျံသန်းနိုင်ပေမယ့် စွမ်းအင်ကို ထိန်းသိမ်းနိုင်ဖို့ ညအချိန်မှာ အမြင့်ပေ နိမ့်နိမ့်လေးကနေပဲ ပျံသန်းတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)