ကေအင်န်ယူ နယ်မြေမှာ မြေယာ မူဝါဒတွေနဲ့ မြေစီမံခန့်ခွဲမှုတွေ လုပ်ဆောင်နေပြီ

0
435

ကရင်အမျိုးသားအစည်းရုံး (KNU) ထိန်းချုပ်တဲ့နယ်မြေတွေမှာ KNU ရဲ့ မြေယာမူဝါဒတွေ နဲ့ မြေစီမံခန့်ခွဲမှုတွေ လုပ်ဆောင်နေပြီလို့ KNU ဗဟိုမြေယာကော်မတီက ပြောကြားလိုက်ပါတယ်။

 

Rural-Karen-village

ကရင်အမျိုးအသားအစည်းအရုံး မြေယာကော်မတီက ရေးဆွဲထားတဲ့ မြေယာမူဝါဒနဲ့ KNUရဲ့ ထိန်းချုပ်နယ်မြေတွေမှာ မြေယာစီမံခန့်ခွဲမှုတွေ စတင်လုပ်ဆောင်နေပေမယ့် အစိုးရရဲ့ မြေယာမူဝါဒတွေက တရားဝင်ဖြစ်တယ်လို့ ဒေသခံတွေက ယူဆနေတာကြောင့် အခက်ခဲတွေဖြစ်ပေါ်နေတယ်လို့ KNU ဗဟို မြေယာကော်မတီက ပြောပါတယ်။

မေလ ၂၅ ရက်နေ့က ရန်ကုန်မြို့ အလုံလမ်းမှာရှိတဲ့ Summit Parkview ဟိုတယ်ပြုလုပ်တဲ့ KNUရဲ့ မြေယာမူဝါဒ ထုတ်ပြန်တဲ့ အခမ်းအနားမှာ ဗဟိုမြေယာကော်မတီဝင် စောအဲလက်စ်က အခုလို ပြောပါတယ်။

ဒါ့အပြင် ကရင်အမျိုးသားအစည်းရုံးက ရေးဆွဲထားတဲ့မြေယာမူဝါဒဟာ မြေယာချပေးမှုပုံစံ အဆင့်ဆင့် သတ်မှတ်ချထားပေးထားပေမယ့် KNU ထိန်းချုပ်နယ်မြေအတွင်းက မြေယာတွေမှာ ပြဿနာတစ်စုံတရာမရှိ အစိုးရနဲ့ ပေါင်းစပ်နယ်မြေတွေမှာ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

ကရင်အမျိုးသားအစည်းရုံးက ထုတ်ပေးတဲ့ မြေယာပိုင်ဆိုင်ခွင့်လက်မှတ်တွေကို အစိုးရဘက်က အသိအမှတ်ပြု စေလိုပြီး တခြားပြည်နယ်ဒေသတွေမှာ KNU တို့လို မြေယာစီမံခန့်ခွဲချပေးမှုတွေ လုပ်ဆောင်လိုအပ်တယ်လို့ KNU ဗဟိုအလုပ်မှုဆောင်တစ်ဦးက ပြောပါတယ်။

အခုထုတ်ပြန်တဲ့ မြေယာမူဝါဒကို ၁၉၇၄ ခုနှစ်က လက်ငုတ်လက်ရင်း မြေယာတွေ လက်မလွတ်ရေး မူဝါဒနဲ့ ချမှတ်ရေးဆွဲခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်မှာတော့ မြေယာဟာ ဒေသခံပြည်သူ့လူထုအတွက် ဆိုတဲ့ မူဝါဒနဲ့ ချမှတ်ရေးဆွဲခဲ့တာဖြစ်တယ်လို့ KNU ဗဟိုမြေယာကော်မတီက ပြောပါတယ်ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)