နယ်ကျော်ကျောင်းသားတွေ သတ်မှတ်ကျောင်းသားဦးရေပေါ်မူတည်ပြီး လက်ခံမယ်

0
315

အခုနှစ်ကျောင်းအပ်နှံရေးရာသီအတွင်း မိမိနှစ်သက်ရာကျေင်းတွေမှာ ပြောင်းရွှေ့အပ်နှံလိုသူတွေကို သတ်မှတ်ကျောင်းသားဦးရေ မပြည့်မီသေးရင် အလွယ်တကူလက်ခံသွားမှာဖြစ်ပါတယ်။

1024px-Students_Hakha_Chin_State_Myanmar

ကျောင်းအပ်လက်ခံတဲ့နေရာမှာ သက်ဆိုင်ရာ မြို့နယ်တွင်းက ကျောင်းသူ ကျောင်းသားတွေကို ဦးစားပေး လက်ခံနေသလို ကျောင်းသားဟောင်းတွေရဲ့ ညီအကိုမောင်နှမတွေကို ဒုတိယဦးစားပေးအနေနဲ့ ကျောင်းအပ် လက်ခံနေပါတယ်။ အရင်ကဆို ရန်ကုန်မြို့မှာ ကျောင်းဝင်ကြေးမြင့်မားတဲ့ နာမည်ကျော်အစိုးရကျောင်းတွေရှိခဲ့ဖူးတာပါ။

ဒီကနေ့မှာတော့ ကျောင်းသားတွေလာရောက်အပ်နှံမှုတွေကို နံနက် ၉နာရီကနေ နေ့လည် ၂ နာရီထိ အချိန်သတ်မှတ်ချက်တွေနဲ့ ကျောင်းအပ်လက်ခံတာတွေ စတင်နေပြီပဲဖြစ်ပါတယ်။ ကျောင်းအပ်နှံပြီးတဲ့ ကလေးတွေအတွက် မူလတန်းကို ကျောင်းစိမ်းယူနီဖောင်း တစ်ထည်နဲ့ ကျောင်းသုံးဖတ်စာအုပ် တွေကိုအခမဲ့ပေးပြီး အလယ်တန်းနဲ့ အထက်တန်းတွေအတွက်ကတော့ ကျောင်းသုံးဖတ်စာအုပ်တွေကို ကျောင်းကနေ အခမဲ့ပေးဝေနေတာပါ။ ကျောင်းအကျီင်္မှာတပ်ဆင်ရမယ့် ကျောင်းတံဆိပ်တွေကိုတော့ ဘယ်အတန်းကိုမဆို အခမဲ့ပေးနေတာလည်းဖြစ်ပါတယ်။

ဒီနှစ်ကျောင်းအပ်တဲ့အခါ မိမိတက်ရောက်လိုတဲ့ကျောင်းတွေကို ရွေးချယ်တက်ရောက်ရာမှာအရင်တုန်းကထက် ကုန်ကျစရိတ်တွေ သက်သာနိုင်ပေမယ့် ပညာရေးဝန်ကြီးဋ္ဌာန အနေနဲ့ကတော့ ကျောင်းသား မိဘ တွေကို မိမိနေထိုင်ရာဒေသတွင်းက ကျောင်းတွေမှာသာ ကျောင်းအပ်နှံဖို့နဲ့ တခြားမြို့နယ်တွေမှာ ကျောင်းအပ်နှံတာကို တက်နိုင်သမျရှောင်ရှားဖို့ မေတ္တာရပ်ခံထားတာပဲဖြစ်ပါတယ်ရှင်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)