ကျူးကျော်တွေကို အလုပ်အကိုင်နေစရာတွေ ဖန်တီးပေးဖို့ အတွက် ငွေစာရင်းဖွင့်လှစ်ကာ အလှူခံသွားမယ်

0
289

ကျူးကျော်နေထိုင်သူတွေကို အလုပ်အကိုင်နေစရာတွေ ဖန်တီးပေးဖို့ အတွက် ငွေစာရင်းဖွင့်လှစ်ကာ အလှူခံသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောပါတယ်။

13230122_1062625493811706_5790133317449440623_n

 

ရန်ကုန်တိုင်းဒေသကြီးအတွင်းက အမှန်တကယ်နေစရာမရှိတဲ့ကျူးကျော်နေထိုင်သူတွေကိုသာ အလုပ်အ ကိုင်နဲ့ နေစရာတွေဖန်တီးပေးသွားမှာပါ။

ကျူးကျော်နေထိုင်သူတွေရဲ့ စာရင်းကောက်ယူတာတွေကို ၄၅ ရက်နဲ့အပြီးပြုလုပ်သွားမှာဖြစ်ပြီး ရန်ကုန်မြို့မှာ ကျူးကျော်ဆိုတာတွေမရှိအောင်ဆောင်ရွက်သွားဖို့ရှိနေပါတယ်။

ရန်ကုန်တိုင်းဒေသကြီးမှာ ကျူးကျော်နေထိုင်သူတွေ ၄ သိန်းခန့်ရှိပြီး အိမ်ထောင်စုတစ်သိန်းခန့်ရှိနေတာဖြစ်ကာ ကျူးကျော်အိမ်ယာတွေကိုစီးပွားဖြစ်လုပ်ကိုင်နေတဲ့သူတွေကိုဖော်ထုပ်အရေးယူသွားမှာလဲ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)