အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းတွေ အဆင်ပြေစေဖို့ ကုမ္ပဏီမှတ်ပုံတင်ကြေး လျော့ချသတ်မှတ်

0
329

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနဟာ အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းတွေကို ကုမ္ပဏီအဖြစ် ထူထောင် မှတ်ပုံတင်ဆောင်ရွက်လာစေဖို့ ရည်ရွယ်ပြီး ကုမ္ပဏီမှတ်ပုံတင်ကြေးတွေကို ပြောင်းလဲ လိုက်တာဖြစ်ပါတယ်။

1

ဒီလိုပြောင်းလဲရာမှာ အများနဲ့ သက်ဆိုင်ခြင်း မရှိတဲ့ကုမ္ပဏီတွေကို မှတ်ပုံတင်ကြေး (၁၀)သိန်းကနေ (၅)သိန်းအထိ လျှော့ချလိုက်ပေမယ့် အများနဲ့ သက်ဆိုင်ကုမ္ပဏီတွေကိုတော့ (၁၀)သိန်းကနေ (၂၅)သိန်းအထိ တိုးမြှင့်လိုက်တာဖြစ်ပါတယ်။ အများနဲ့ သက်ဆိုင်တဲ့ ကုမ္ပဏီတွေကို တိုးမြှင့်ရတာဟာ အမှန်တကယ် လုပ်ငန်းလုပ်ကိုင်မည့် ကုမ္ပဏီတွေ ပေါ်ထွန်းလာစေဖို့ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် ကုမ္ပဏီတွေရဲ့ သက်တမ်းတိုး မှတ်ပုံတင်ကြေးကို (၅)သိန်းကနေ (၃)သိန်းအထိ လျှော့ချလိုက်တာဖြစ်ပါတယ်။ ဒီလိုပြောင်းလဲတာကို ဇွန်လ(၁)ရက်နေ့ကစတင်ပြီး ပြောင်းလဲသွားမှာဖြစ်တယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနက မေလ (၂၅)ရက် ဒီကနေ့မှာ သတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)