ဂျပန်ရောက် မြန်မာတွေရဲ့ လိုအပ်ချက်တွေကို ကူညီနိုင်ဖို့ သံရုံးကိုဆက်သွယ်ရန် အစိုးရမေတ္တာရပ်ခံ

0
303

ဂျပန်နိုင်ငံရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေ အနေနဲ့ ဥပဒေနဲ့အညီ အကူအညီတွေရရှိဖို့ မြန်မာသံရုံးနဲ့ ဆက်သွယ်ဖို့အတွက် မေတ္တာရပ်ခံချက် ထုတ်ပြန်ထားပါတယ်။

myanmar-tokyo

ဂျပန်နိုင်ငံကို ရောက်ရှိနေပြီး မြန်မာသံရုံး နဲ့ တိုက်ရိုက် မတွေ့ဆုံရသေးတဲ့ မြန်မာလုပ်သားတွေအနေနဲ့ အခက်အခဲတွေ ကြုံတွေ့လာပါက ကူညီနိုင်အောင် မြန်မာ့သံရုံးက မေလ(၂၅)ရက် ဒီကနေ့ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ ဒီလို မေတ္တာရပ်ခံချက် ထုတ်ပြန်ရတာဟာ မြန်မာအလုပ်သမားတွေအပေါ် ကူညီစောင့်ရှောက်ရေး လုပ်ငန်းကို အရှိန်အဟုန်ဖြင့် တိုးမြှင့် ဆောင်ရွက်နိုင်ဖို့ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ ဂျပန်နိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာလုပ်သားတွေအနေနဲ့ www.myanmar-embassy-tokyo.net မှာ ပုံစံတွေ ရယူပြီး အချက် အလက်တွေ ရေးသွင်းပေးပို့ရမှာလည်းဖြစ် ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)