လုပ်ပိုင်ခွင့်ရှိချိန်မှာ ပြည်သူအတွက် အကောင်းဆုံးလုပ်ဆောင်နိုင်ဖို့ မန္တလေးတိုင်း ၀န်ကြီးချုပ် ဆန္ဒရှိ

0
321

မန္တလေးတိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ်အနေနဲ့ အစိုးရအဖွဲ့ရဲ့ လုပ်ပိုင်ခွင့်ရှိချိန်အတွင်း ပြည်သူတွေအတွက် အကောင်းဆုံးလုပ်ဆောင်ပေးလိုကြောင်း ပြောကြားလိုက်ပါတယ်။

ဒီကနေ့ မနက်က မန္တလေးတိုင်းဒေသကြီးအစိုးအဖွဲ့ရုံးမှာ အစိုးရအဖွဲ့ဝင်တွေနဲ့ နိုင်ငံရေးအဖွဲ့အစည်း အင်အား ၁၀၀ ကျော်နဲ့ တွေ့ဆုံခဲ့ရာမှာ အခုလိုပြောကြားသွားခဲ့တာဖြစ်ပါတယ်။ဒီတွေ့ဆုံပွဲမှာ ပြင်ပနိုင်ငံရေးအဖွဲ့အစည်းတွေကလည်း အစိုးရရဲ့ ရက် ၁၀၀ စီမံချက်နဲ့ပက်သက်ပြီးဝေဖန်အကြံပြုချက်တွေ ပေးနိုင်ခဲ့ပါတယ်။ ဒါ့ကြောင့် မန္တလေးတိုင်းဝန်ကြီးချုပ် ဦးဇော်မြင့်မောင်က နိုင်ငံရေး နဲ့ လူမှုရေးအဖွဲ့အစည်း အားလုံးကို အစိုးရရဲ့ အမျိုးသားရင်ကြားစေ့ရေးမူအရ ပူးပေါင်းပါဝင်လုပ်ဆောင်ကြဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)