အများသုံးသန့်စင်ခန်းတွေမှာ ကျား/မစာသားရေးသားခြင်းမပြုဖို့ သင်္ဘောကုမ္ပဏီတစ်ခုကို တရားစွဲခဲ့တဲ့ လိင်အင်္ဂါပြောင်းအမျိုးသမီး အနိုင်ရ

0
297

Jersey ရေလက်ကြားကျွန်းက လိင်အင်္ဂါပြောင်းထားတဲ့ အမျိုးသမီးတစ်ဦးဟာ အများသုံး သန့်စင်ခန်းတွေမှာ ကျား/မ ဆိုတဲ့ စကားလုံးတွေကို ဖယ်ရှားတာဖို့နဲ့ ပတ်သက်ပြီး Condor Ferries ကုမ္ပဏီကို တရားစွဲဆိုခဲ့တာပါ။

_89795785_thinkstockphotos-480325892

Ms Bisson ဟာ သူ့ကို အမျိုးသမီး သန့်စင်ခန်းအသုံးမပြုဖို့ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက အစောင့်က ပြောခဲ့တာကြောင့် အရှက်ရခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် ဂျာစီမှာရှိတဲ့ အလုပ်အကိုင်နှင့် ခွဲခြားဆက်ဆံမှုဆိုင်ရာ ခုံရုံးမှာ တရားစွဲခဲ့တာပါ။ အဲဒီ ကုမ္ပဏီဟာ ဗြိတိန် နိုင်ငံ တလွားနဲ့ ပြင်သစ်နိုင်ငံထိ ခရီးသည် တွေနဲ့ ကုန်ပစ္စည်း ပို့ဆောင်ပေးနေတဲ့ ၀န်ဆောင်မှုကုမ္ပဏီဖြစ်ပါတယ်။ Condor ကုမ္ပဏီဟာ ခွဲခြားဆက်ဆံမှုနဲ့ ပတ်သက်လို့ တိုက်ရိုက်သော်လည်းကောင် သွယ်ဝိုက် အားဖြင့်သော်လည်းကောင်း ကျူးလွန်ခဲ့တယ်လို့ ဆိုပြီး Bisson က တရားစွဲဆိုခဲ့တာပါ။ အသက် ၄၉ အရွယ် တက္ကစီဒရိုင်ဘာ Ms Bisson ဟာ တခြားကုမ္ပဏီတွေကိုလည်း အလားတူ လုပ်ဆောင်ဖို့ တိုက်တွန်းခဲ့တာပါ။ Condor ကုမ္ပဏီဟာ ကျားမဆိုတဲ့ စာသားအစား သန့်စင်ခန်းရဲ့တံခါးမှာ ကျား၊ မ သင်္ကေတကို အသုံးပြုသွားမှာဖြစ်ပါတယ်။ ဂျာဆီရေလက်ကြားမှာ ၂၀၁၅ ခုနှစ်က လိင်ခွဲခြားဆက်ဆံမှုဆိုင်ရာ ဥပဒေကို ပြဋ္ဌာန်းပြီးတဲ့နောက် အဲဒီ ဆုံးဖြတ်ချက်ဟာ ပထမဆုံး ချမှတ်တဲ့ ဆုံးဖြတ်ချက်ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)