တပ်မတော်လေယာဉ်တစ်စင်း လေ့ကျင့်စဉ် ပျက်ကျမှုဖြစ်ပွား

0
347

မိတ္ထီလာတပ်နယ်၊ လေကြောင်းအတတ်သင်လေတပ်စခန်းဌာနချုပ်မှ Bell-206 အမျိုးအစား ရဟတ်ယာဉ်ဟာ ယနေ့ (ဧပြီလ ၂၆)ရက်နေ့ နံနက်ပိုင်းက လေ့ကျင့်ပျံသန်းမှုဆောင်ရွက်စဉ် ပျက်ကျခဲ့တာဖြစ်ပါတယ်။

13103316_961788577275341_5181336091255972928_n

ရဟတ်ယာဉ်ဟာ ပျံသန်းစဉ် စက်ချို့ယွင်းမှုကြောင့် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ မုန်တိုင်ဆည်အတွင်း ထိုးဆင်းပျက်ကျခဲ့တာဖြစ်တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။ ဒီလို ပျက်ကျသွားတဲ့ ရဟတ်ယာဉ်ကို လေသူရဲ ဗိုလ်မှူး ဝင်းအောင်နဲ့ ဗိုလ်မှူး ခွန်ကျော်လှိုင်တို့က မောင်းနှင်ခဲ့တာပါ။
ရဟတ်ယာဉ်ဟာ မုန်တိုင်ဆည်အတွင်း ကမ်းစပ်မှ ပေ ၅၀၀ အကွာ ရေပြင်အထက် ပေ ၃၀၀ ခန့်မှာ ရုတ်တရက်စက်ချို့ယွင်းပြီး ရေထဲသို့ ထိုးဆင်းပျက်ကျခဲ့ခြင်းဖြစ်ပါတယ်။ ရဟတ်ယာဉ် ရေထဲပျက်ကျချိန်မှာ ဆည်အတွင်းရှိ ငါးဖမ်းလှေတွေက လေသူရဲနှစ်ဦးကို ကယ်ဆယ်ခဲ့တာပါ။ လေသူရဲ နှစ်ဦးဟာ မျက်နှာမှာ ပွန်းပဲ့ဒဏ်ရာအနည်းငယ်သာ ရရှိ ခဲ့ပြီး ဆေးရုံပို့ဆောင်ထားကာ စိုးရိမ်ရတဲ့ အနေအထားမရှိဘူးလို့ သိရပါတယ်။ ၁၉၇၇ ခုနှစ်မှာ ထုတ်လုပ်ခဲ့တဲ့ Bell-206 ရဟတ်ယာဉ်ဟာ အကြောင်းအမျိုးမျိုးကြောင့် အသုံးမပြုနိုင်တော့တဲ့အတွက် ၂၀၁၂ ခုနှစ်မှာ ပြည်ပကုမ္ပဏီတစ်ခုနဲ့ အကြီးစားပြင်ဆင်မှုများ ပြုလုပ်ကာ လေ့ကျင့်ရေးရဟတ်ယာဉ်အဖြစ် အသုံးပြုခဲ့တာဖြစ်ပါတယ်။ ပျက်ကျရဟတ်ယာဉ်မှာ မုန်တိုင်ဆည်အတွင်း နစ်မြှုပ်သွားခဲ့ပြီး ရဟတ်ယာဉ် ပျက်ကျမှု ဖြစ်စဉ်နှင့်ပတ်သက်၍ အသေးစိတ်အခြေအနေများအား စုံစမ်းစိစစ်လျက်ရှိတယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။

13092086_961788610608671_7112810459634640053_n

13043608_961788603942005_8275076540524459904_n

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)