အဓမ္မ တပ်သားအဖြစ်စေခိုင်းခံရသူ ကလေးစစ်သားတစ်ဦး တပ်ကနှုတ်ထွက်ခွင့်တောင်းဆို

0
386

အသက် ၁၆ နှစ်အရွယ်နဲ့ စစ်တပ်က အဓမ္မ ခေါ်ဆောင်သွားတာခံခဲ့ရတဲ့ မောင်မြင်ဇော်ဦးဟာ အခုဆိုရင် တပ်သားအဖြစ်က တရားဝင်နှုတ်ထွက်ခွင့်ရဖို့ မျှော်လင့်နေပါတယ်။

သူဟာ ၂၀၀၆ ခုနှစ် ၈ လပိုင်း က ကျောင်းပိတ်ရက် မှာ အဒေါ်ဖြစ်သူ အိမ်ကို အလည်သွားရင်း အမှတ် ၃၆၇ ခြေလျင်တပ်ရင်း က တပ်သားတစ်စုက ဖမ်းဆီး ခေါ်ဆောင်သွားတာကို ခံခဲ့ရတာဖြစ်ပါတယ်။
အဲ့ဒီအချိန်တုံးက မောင်မြင့်ဇော်ဦးဟာ အသက် ၁၆ နှစ်အရွယ် အဋ္ဌမတန်းကျောင်းသားတစ်ဦးဖြစ်ပေမယ့် တပ်သားတွေ က ၁၈ နှစ်ပြည့်ပြီလို့ လိမ်ညာပြောဆိုခိုင်းခဲ့ပြီး မပြောရင် အချုပ်ထဲထည့် ရိုက်နှက်မယ်လို့ ခြိမ်းခြောက်ကာ တပ်သားသစ်အဖြစ် အတင်းအဓမ္မ လုပ်ကိုင်ခိုင်းခဲ့ပါတယ်။

မောင်မြင့်ဇောဦးအပါအ၀င် အသက်ရွယ်တူ ကလေး ၄ ယောက်ကို မုံရွာမြို့ က စစ်သားစုဆောင်းရေး အမှတ် ၁၀ ကို ပို့ဆောင်ခြင်းခံခဲ့ရပါတယ်။ နောက်ပိုင်းမှာ ရွှေဘိုလေ့ကျင့်ရေး စစ်အခြေခံတပ်သားသစ် သင်တန်းကျောင်းကနေတစ်ဆင့်  ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မန်စီမြို့ ခ.မ.ရ ၃၁၉ ကို စေလွတ်ပြီး တာဝန်ထမ်းဆောင်စေခဲ့ပါတယ်။

အခုဆိုရင် အသက် ၂၅ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ မောင်မြင့်ဇော်ဦး ဟာ ၂၀၀၆ ခုနှစ် ကနေ ၂၀၁၅ ခုနှစ် အထိ ၉ နှစ်လုံးလုံး တပ်မတော်အတွင်း တာဝန်ထမ်းဆောင်ခဲ့ပြီး တပ်မတော်ကနေ နှုတ်ထွက်ချင်တဲ့အတွက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဆီကို ၁၂ရက်၊၃လပိုင်း ၂၀၁၆ ခုနှစ်မှာ စာရေးပြီး တင်ပြထားပေမဲ့ ဒီနေ့အထိ ထွက်ခွင့်မရရှိသေးတဲ့ကြောင့် အမြန်ဆုံးနှုတ်ထွက်ခွင့်ရရှိဖို့ မောင်မြင့်ဇော်ဦးတို့ မိသားစုက မျှော်လင့်စောင့်စားနေတာပဲ ဖြစ်ပါတယ်ခင်ဗျား။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)