ဖားကန့်မှာ မြေပြိုမှုကြောင့် လူ ၁၀ ဦးဒဏ်ရာရပြီး ၂ ဦးပျောက်ဆုံးနေ

0
347

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ကျောက်စိမ်းလုပ်ကွက်တစ်ခုအတွင်း မြေပြိုကျမှုကြောင့် လူ ၁၀ ဦးဒဏ်ရာရရှိပြီး လူနှစ်ဦးပျောက်ဆုံးနေတယ်လို့ ကချင်ပြည်နယ်အစိုးရက စနေ့နေ့က ပြောဆိုလိုက်ပါတယ်။

သောကြာနေ့ညနေက ဖြစ်ပွားခဲ့တဲ့ ဒီမြေပြိုမှုဟာ ဖားကန့်မြို့နယ်ထဲက နန့်မော်ကျေးရွာမှာအနီးမှာရှိတဲ့ Jade leaf ကုမ္ပဏီလုပ်ကွက်ထဲမှာဖြစ်ပွားခဲ့တာပါ။
ဒေသအာဏာပိုင်တွေနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ကယ်ဆယ်ရေးတွေ လုပ်ဆောင်နေပါတယ်။

ပြီးခဲ့တဲ့ မေလအတွင်းကလည်း ဖားကန့်မြို့နယ်ထဲမှာ မြေပြိုမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး နောက်ဆုံးဖြစ်ပွားခဲ့တဲ့ မြေပြိုမှုမှာ ၁၃ ဦးသေဆုံးပြီး ၂၀ ဦးဒဏ်ရာရရှိကာ လူ ၁၀၀ လောက်ပျောက်ဆုံးခဲ့ပါတယ်။

အဆိုးရွားဆုံးမြေပြိုမှုကတော့ ၂၀၁၅ ခုနှစ် နိုဝင်ဘာလထဲမှာ ဖားကန့်မြို့နယ်တွင် ဖြစ်ပွားခဲ့တာဖြစ်ပြီး အနည်းဆုံး လူ ၁၀၀ ခန့် သေဆုံးခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)