ချင်းတွင်းမြစ်အတွင်း ဖောင်များဖြင့် အသက်မွေးဝမ်းကျောင်းပြုကြသူတွေ မူရင်းနေရပ်ပြန်နေဖို့ လိုလား

0
377

ချင်းတွင်းမြစ်အတွင်း ဖောင်များဖြင့် တံငါလုပ်ငန်းလုပ်ကာ အသက်မွေးဝမ်းကျောင်းပြုကြသူတွေ မူရင်းနေရပ်ပြန်နေဖို့ လိုလားနေကြတာဖြစ်ပါတယ်။ သူတို့ဟာ စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ အောက်ညောင်ကိုင်းကျေးရွာနဲ့ ခွန်သာကျေးရွာတွေမှာ နေထိုင်ခဲ့ကြသူတွေပါ။

သူတို့ဟာ ကိုယ့်မြေကိုယ့်ရွာမှာ စားဝတ်နေရေးအတွက် ရှာဖွေစားသောက်ရာမှာ လောက်ငမှုမရှိတဲ့အတွက် မောက်စဖာကျေးရွာအနီး ပြောင်းရွှေ့ပြီး ချင်းတွင်းမြစ်ထဲ ဖောင်တွေအပေါ် တဲအိမ်ဆောက်ကာ နေထိုင်ခဲ့ကြတာဖြစ်ပါတယ်။
အိမ်ထောင်စုပေါင်း (၄၈) အိမ် ရှိပြီး လူဦးရေ (၂၀၀) ၀န်းကျင်ခန့် ရှိတဲ့ သူတို့ဟာ မိုးရွာ၍ မြစ်ရေကြီးသောအခါ အခြား မြေပြန့်ရှိတဲ့ကမ်းကို ကပ်ပြီး နေထိုင်ကြတာဖြစ်ပါတယ်။ လက်ရှိ ပညာကာ ကလေးငယ်များ ကျောင်းနေဖို့မှာ နေရာထိုင်ခင်း အတည်တကျမရှိ၍ စာသင်ကြားရခြင်း မရှိကြပါ။
ဒီလိုအခွင့်အရေးတွေ ဆုံးရှုံးနေကြသူတွေဟာ သူတို့ မဲပေးခဲ့တဲ့ အစိုးရသစ် လက်ထပ်မှာ နေရင်းဒေသ အောက်ညောင်ကိုင်း ကျေးရွာနဲ့ ခွန်သာကျေးရွာတွေကို ပြန်လည်နေထိုင်ဖို့နဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ပေါများဖို့ မျှော်လင့်နေကြတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)