၅၃ ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို လာရောက်ဝယ်ယူတဲ့ နိုင်ငံခြားသားကုန်သည် အရေအတွက်နည်းပါး

0
309

ဇွန်လ ၂၃ ရက်နေ့ နေပြည်တော် မဏိရတနာကျောက်စိမ်းခမ်းမမှာ စတင်ကျင်းပတဲ့ 53 ကြိမ်မြောက် ကျောက်မျက်ပြပွဲကို ပြည်ပက ကျောက်မျက်ကုန်သည် ၁၉၇၃ ဦး တက်ရောက်ဖို့ မှတ်ပုံတင်ထားပြီး အရင်နှစ်တွေက ပြည်တွင်းပြည်ပ ကကုန်သည်ဦးရေ လေးထောင်ကျော်ခန့်လာရောက်လေ့ရှိတာပါ။

အခုနှစ်မှာတော့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ က ၁၉၄၂ ဦး၊ အိန္ဒိယနိုင်ငံက ၁ ဦး၊ စင်ကာပူက ၂ ဦး၊ ဂျပန်နိုင်ငံက ၄ ဦးနဲ့ ထိုင်းနိုင်ငံက ၂၄ ဦး စုစုပေါင်း ၁၉၇၃ ဦးနဲ့ ပြည်တွင်းရတနာကုန်သည် ၁၄၀၉ ဦး စုစုပေါင်း ၃၃၈၂ ဦး တက်ရောက်ဖို့ မှတ်ပုံတင်ထားပါတယ်။

ကျောက်မျက်တွေရောင်းချရာမှာတော့ ဇွန်လ ၂၅၊ ၂၆ ရက်နေ့တွေမှာ ပုလဲ ၃၆၅ တွဲ၊ ဇွန်လ ၂၇ ရက်နေ့မှာ ကျောက်မျက် ၅၁၂ တွဲ၊ ဇွန်လ ၂၈ ရက်နေ့ကနေ ဇူလိုင်လ ၆ ရက်နေ့အထိ ကျောက်စိမ်း ၆၀၆၂ တွဲ စုစုပေါင်း ပုလဲ၊ ကျောက်မျက်နဲ့ ကျောက်စိမ်း စုစုပေါင်း ၆၉၃၉ တွဲ ပြသရောင်းချမယ်လို့ ကျောက်မျက်ရတနာပြပွဲ ဗဟို ကော်မတီက သတင်းထုတ်ပြန်ထားပါတယ်။

အခုပြပွဲမှာ အရင်နှစ်တွေနဲ့ မတူပဲ ကျောက်စိမ်းအရိုင်းထည်တွေအစား အချောထည်တွေကို ဦးစားပေး ရောင်းချမှာဖြစ်ပြီး ဈေးပြိုင်တင်ဒါစနစ်နဲ့ရောင်းချသွားမှာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)