အမေရိကန်နိုင်ငံ မေရီလန်း ပြည်နယ်မှာ သေနတ် ပစ်ခတ်မှု ဖြစ်ပွားပြီး လူ ၃ ဦးသေဆုံး

0
315

အမေရိကန် ပြည်ထောင်စု မေရီလန်းပြည်နယ်မှာ ဇွန်လ ၂၄ ရက်နေ့က ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး လူ ၃ ဦး သေဆုံးကာ ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ဝါရှင်တန်ဒီစီရဲ့ အပြင်ဖက် ၁၀ မိုင်ခန့်အကွာ District Heights မြို့မှာ ဒေသစံတော်ချိန် ည ၉ နာရီခွဲခန့်က ပစ်ခတ်မှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
ဒဏ်ရာရသူ နှစ်ဦးထဲမှာ တစ်ဦးက စိုးရိမ်ရတဲ့ အခြေအနေမှာရှိနေပြီး တခြားတစ်ဦးကတော့ စိုးရိမ်ရတဲ့ အနေအထားမရှိပါဘူး။ စုံစမ်းသိရှိရသလောက်တော့ ပစ်ခတ်မှုက သေချာ စနစ်တကျ စီစဉ်ပြီး ပစ်ခတ်ခဲ့ပုံမရဘူးလို့ သိရပြီး နောက်ထပ် စုံစမ်းစစ်ဆေးမှုတွေတော့ ဆက်လုပ်နေဆဲဖြစ်ပါတယ်။

ဇွန်လအစောပိုင်းက လူပေါင်း ၄၉ ဦးသေဆုံးခဲ့တဲ့ အော်လန်ဒိုမြို့က နိုက်ကလပ် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အမေရိကန် သေနတ်ထိန်းချုပ်ရေးနဲ့ ပတ်သတ်လို့ အမေရိကန်အောက်လွှတ်တော်မှာ ဒီမိုကရက်တစ် ပါတီလွှတ်တော်အမတ်တွေ ဆန္ဒပြနေကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)