မြန်မာရွှေ့ပြောင်းလုပ်သားတွေအကျိုးအတွက် ဘတ်ငွေသန်း ၁၀၀၀ အသုံးပြုနေတယ်လို့ ထိုင်းဝန်ကြီးချုပ်ပြောကြား

0
330

မြန်မာရွှေ့ပြောင်းလုပ်သားတွေအတွက် ပညာရေး၊ ကျန်းမားရေးဆိုင်ရာ ဘက်ဂျက် ထိုင်းဘတ် သန်း ၁၀၀၀ အသုံးပြုနေတယ်လို့ ထိုင်းဝန်ကြီးချုပ်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တွေ့ဆုံချိန်မှာ ပြောကြားခဲ့ပါတယ်။

ဇွန်လ ၂၃ ရက်နေ့ မနေ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းနိုင်ငံဝန်ကြီးချုပ် အငြိမ်းစား ဗိုလ်ချုပ်ကြီး ပရာယုဒ်ချန် အိုချာ နဲ့တွေ့ဆုံဆွေးနွေးစဉ်မှာ ပြောကြားလိုက်တာဖြစ်ပြီး မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ ပညာရေးအတွက် ဘတ် သန်း ၅၀၀ ကျန်းမာရေးအတွက် ဘတ် သန်း ၅၀၀ အသုံးပြုနေတယ်လို့ ပြောကြားခဲ့တာပါ။နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်းနိုင်ငံ မှာရောက်ရှိနေတဲ့ မြန်မာ အလုပ်သမားတွေကို တရားဝင်အလုပ်လုပ်ကိုင်ခွင့်တွေ ရရှိစေလိုကြောင်း၊ မြန်မာ အလုပ်သမားတွေ လူကုန်ကူးခံရခြင်း၊ နှိပ်စက်ခံရခြင်း မရှိစေရန်လည်း နယ်မြေခံတာဝန်ရှိ ပုဂ္ဂိုလ်တွေကနေ ကြပ်မတ်ဆောင်ရွက် ပေးစေလိုကြောင်း၊ နှစ်နိုင်ငံနယ် နိမိတ် တိုင်းတာရေး လုပ်ငန်းတွေ အမြန်ဆုံး ဆောင်ရွက်သွား မယ့်အကြောင်း၊ နယ်နိမိတ်ဆိုတာဟာ နိုင်ငံနှစ်နိုင်ငံကို ခွဲခြားထားတာ မဟုတ်ဘဲ နှစ်နိုင်ငံ အတူတကွ ဝေမျှလုပ်ကိုင်တဲ့ နေရာဖြစ်ကြောင်း၊ နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးစွာ နေထိုင် သွားရေးကို အစိုးရအဖွဲ့တွေက ဆောင်ရွက်သွားရန် လိုကြောင်း၊ နှစ်နိုင်ငံကြားက ပြဿနာ တွေကို ဖြေရှင်းရာမှာလည်း ညှိနှိုင်းစေ့စပ် ဖြေရှင်းရန်လိုကြောင်း ပြောကြားသွားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)